A d v e r t i s e m e n t With Us

နောက်ပြောင်ဗုံးလန့်စေခဲ့သည့် ခရီးသည်အမျိုးသမီး လေယာဉ်ပေါ်မှ ဆွဲချခံရ (ရုပ်သံ)

ထိုင်းနိုင်ငံအခြေစိုက် ထိုင်းစမိုင်းလ်လေယာဉ်တစီးပေါ်မှာ လိုက်ပါလာခဲ့တဲ့ အမျိုး သမီးတဦးဟာ ခရီးသည်တွေကြား နောက်ပြောင်ဗုံးလန့်စေခဲ့မှုအတွက် လေယာဉ်အမှုထမ်းတွေ က လေယာဉ်ပေါ်ကနေ ဆွဲချချန်ထားခံခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ဟာ ဇွန်လ ၂၃ ရက်နေ့ညနေပိုင်းက ချင်းရိုင်လေဆိပ်မှ မထွက်ခွာ ခင်အချိန်မှာ ဖြစ်ခဲ့တာလို့ ထိုင်းဘာသာနဲ့ ထုတ်ဝေတဲ့ ခါပွတ်ခ်သတင်းတပုဒ်မှာ ဖော်ပြပါ တယ်။ အခင်းစတင်ဖြစ်ခဲ့တာကတော့ အဆိုပါခရီးသည်အမျိုးသမီးဟာ ထိုင်းအမျိုးသမီး တဦးဖြစ်ပြီး နိုင်ငံခြားသားခင်ပွန်းဖြစ်သူနဲ့အတူ ဒဗလျူအီး-၁၃၇ လေယာဉ်နဲ့ လိုက်ပါဖို့ ရှိနေချိန်မှာ ဖြစ်ခဲ့တာပါ။ အဲဒီအမျိုးသမီးဆီက ဗုံးလို့ နောက်ပြောင်ပြောလိုက်တဲ့ အသံကို လေယာဉ်မယ်တဦးက စတင် ကြားလိုက်ချိန်မှာ သူက လေယာဉ်ပိုင်းလော့တ်ဆီ အကြောင်းကြားခဲ့ပြီးနောက် သူ့ကို လေယာဉ်ပေါ်ကနေ မောင်းချခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။ သူတို့ ဇနီးမောင်နှံ ၂ ဦးစလုံးဟာ အစောပိုင်းမှာကတည်းက တခြားခရီးသည်တွေ ကိုလည်း စိတ်အနှောက်အယှက်ဖြစ်စေတဲ့ အပြုအမူတွေလုပ်ခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအဖြစ်အပျက်ကြောင့် လေယာဉ်ဟာ သုဝဏ္ဏဘူမိလေဆိပ်ဆီဆိုက်ရောက်ရမယ့်အချိန် ၃၅ မိနစ်လောက် နောက်ကျခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ လေယာဉ်ခရီးစဉ်မှ ချန်ထားခံခဲ့ရတဲ့ အမျိုးသမီးဟာ အရေးယူခံခဲ့ရသလားဆိုတာ ကိုတော့ လက်ရှိမှာ မသိရသေးပါဘူး။

A d v e r t i s e m e n t With Us

More News
Up