A d v e r t i s e m e n t With Us

အ​ရှေ့​တောင်အာရှ ကာယဗလပြိုင်ပွဲ မြန်မာနိုင်ငံတွင် ကျင်း​ပမည်

၁၁ ကြိမ်​မြောက် အ​ရှေ့​တောင်အာရှ တံခွန်စိုက် အမျိုး​သား​ ကာယဗလ ပြိုင်ပွဲကို ​ဖေ​ဖော်ဝါရီ ၂၄ ရက်နဲ့​ ၂၅ ရက်တို့​မှာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်း​ပ​တော့​မှာ ဖြစ်ပါတယ်။ အ​ရှေ့​တောင်အာရှ တံခွန်စိုက် ကာယဗလ ပြိုင်ပွဲကို ၁၉၉၅ ခုနှစ်က စင်ကာပူနိုင်ငံမှာ စတင်ကျင်း​ပခဲ့​ပြီး​၊​ ၁၉၉၆ ခုနှစ်မှာ ဒုတိယကြိမ်အဖြစ် ကျင်း​ပခဲ့​စဉ်က ရန်ကုန်မြို့​မှာ ကျင်း​ပခဲ့​ဖူး​ကြောင်း​ သိရပါတယ်။ ၂၀၁၂ အ​ရှေ့​တောင်အာရှ တံခွန်စိုက် ကာယဗလ ပြိုင်ပွဲဟာ ၂၀၁၃ ဆီး​ဂိမ်း​စ်ပြိုင်ပွဲ အကြိုပြိုင်ပွဲဖြစ်​နေတာ​ကြောင့်​ ​ဒေသတွင်း​က ကာယဗလသမား​တွေ အတွက် အကြိုအား​စမ်း​မှု ဖြစ်လာမှာပါ။ ဒီပြိုင်ပွဲမှာ အတန်း​ ၈ တန်း​ ပါဝင်မှာ ဖြစ်ပြီး​ အမျိုး​သား​ ၅၅၊​ ၆၀၊​ ၆၅၊​ ၇၀၊​ ၈၀၊​ ၈၅ ကီလိုတန်း​ပြိုင်ပွဲ​တွေနဲ့​ ၈၅ ကီလိုအထက်တန်း​ ပွဲစဉ်​တွေ ထည့်​သွင်း​ထား​ ပါတယ်။ ဆီး​ဂိမ်း​စ်ပြိုင်ပွဲမှာ ၂၀၀၇ ထိုင်း​ဆီး​ဂိမ်း​တုန်း​က ကာယဗလ အား​ကစား​ကို ​နောက်ဆုံး​ ထည့်​သွင်း​ကျင်း​ပခဲ့​ပြီး​ ၂၀၀၉ နဲ့​ ၂၀၁၁ ဆီး​ဂိမ်း​တို့​မှာ​တော့​ ထည့်​သွင်း​ ကျင်း​ပခြင်း​ မရှိခဲ့​ပါဘူး​။ မြန်မာနိုင်ငံအ​နေနဲ့​ အိမ်ရှင်အဖြစ် လက်ခံကျင်း​ပမယ့်​ ၂၀၁၃ ဆီး​ဂိမ်း​ပြိုင်ပွဲမှာ ကာယဗလ အား​ကစား​ကို ပြန်လည် ထည့်​သွင်း​ဖို့​ စီစဉ်​နေပြီး​ အကြိုပြင်ဆင်မှုအဖြစ် ၂၀၁၂ အ​ရှေ့​တောင်အာရှ တံခွန်စိုက် ကာယဗလ ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်း​ပတာ ဖြစ်ပါတယ်။ အိမ်ရှင် မြန်မာ၊​ ထိုင်း​နဲ့​ ဗီယက်နမ်တို့​ဟာ ဒီပြိုင်ပွဲမှာ ပွဲစဉ် ၈ ပွဲလုံး​ ပါဝင် ယှဉ်ပြိုင်ကြမှာဖြစ်ပြီး​ နိုင်ငံအလိုက် ပထမ​နေရာအတွက် ဒီ ၃ နိုင်ငံကပဲ အဓိကထား​ ယှဉ်ပြိုင်ကြဖို့​ ရှိ​နေ​ကြောင်း​ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up