A d v e r t i s e m e n t With Us

အိန္ဒိယ ဗလီတလုံးအပြင်ဘက်တွင် ရဲအရာရှိအား လူအုပ်စုက ၀ိုင်းဝန်းရိုက်သတ် (ရုပ်သံ)

အိန္ဒိယနိုင်ငံ ကက်ရှ်မီးယားပြည်နယ်က ရဲအရာရှိတယောက်ဟာ ပြည်နယ်ရဲ့ မြို့တော် စရီနာဂါရဲ့ အဓိက ဗလီအပြင်ဘက်မှာ လူအုပ်က အသေရိုက်သတ်တာကြောင့် သေဆုံးခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။ လုံခြုံရေး အရာရှိတယောက်ကို လူအုပ်က တရားလက်လွတ် စစ်ဆေး သေဒဏ်ပေးမှု ရှားရှားပါးပါး ဖြစ်ရပ်လည်း ဖြစ်ပါတယ်။ ညသန်းခေါင်ကျော် အချိန်မှာ ဗလီက ပြန်လာတဲ့ လူတွေကို ဗလီထဲမှာ အရပ်ဝတ်နဲ့ ရှိနေတဲ့ ရဲအရာရှိ မိုဟမ်မဒ် အာယပ်ပန်ဒစ်က ဓာတ်ပုံရိုက်ခဲ့တာကို ဝတ်ပြုသူတွေက တွေ့ခဲ့တယ်လို့ မျက်မြင် သက်သေတွေက ပြောပါတယ်။ ရုန့်ရင်းဆန်ခတ် ဖြစ်ချိန်မှာ ရဲကသေနတ်ထုတ် ပစ်ခတ်ခဲ့လို့ လူ ၃ ယောက် ဒဏ်ရာရခဲ့တာပါ။ အဲဒီနောက် လူအုပ်က သူ့ကို စပြီးတိုက်ခိုက်ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ဗြိတိန်လက်အောက်က လွတ်လပ်ရေးရအပြီး ၁၉၄၇ ခုနှစ်တည်းက ကက်ရှ်မီးယား ဒေသ ဟာ အိန္ဒိယနဲ့ ပါကစ္စတန်ကြား ပိုင်နက် အငြင်းပွားနေခဲ့တာပါ။ အိန္ဒိယဘက်အခြမ်းက ကက်ရှ်မီးယား နယ်ဟာလည်း အိန္ဒိယ အုပ်ချုပ်မှုအောက်ကနေ ခွဲထွက်ဖို့ ကြိုးစားနေခဲ့တာ ဆယ်စုနှစ်တွေချီပြီး ကြာမြင့်ခဲ့ပါပြီ။

A d v e r t i s e m e n t With Us

More News
Up