A d v e r t i s e m e n t With Us

ဆိုမာလီးယား ရဲစခန်းအား ပစ်မှတ်ထားကားဗုံးခွဲမှုကြောင့် ၄ ဦး သေဆုံး (ရုပ်သံ)

ဆိုမာလီးယားနိုင်ငံ  မြို့တော်မိုဂါဒစ်ရှူးမှာ ဇွန်လ ၂၂ ရက်နေ့က  ရဲစခန်းကို ပစ်မှတ်ထား ကားဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ခဲ့တာကြောင့် လူအနည်းဆုံး ၄ ဦး သေဆုံးခဲ့ပါတယ်။ လူအစည်ကားဆုံး မာကာ အယ်လ် မူကာရမ် လမ်းမအနီးရှိ ၀ါဘယ်ရီရဲစခန်းကို ပစ်မှတ်ထားပြီး ဗုံးထောင်ဖောက်ခွဲခဲ့တာဖြစ်ပါတယ်။ ဒါဘယ်သူ့လက်ချက်ဆိုတာကို ဘယ် အဖွဲ့ကမှ ထုတ်မပြောသေးပါဘူး။ ဒါပေမယ့် ဒီ့အရင်အကြမ်းဖက်မှုတွေကိုတော့ အယ်လ်ရှာဘတ် အစ္စလမ်စစ်သွေးကြွအဖွဲ့က သူတို့လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဇွန် ၂၀ ရက်နေ့ကလည်း မိုဂါဒစ်ရရှူးရှိ အစိုးရအဆောက်အဦးတစ်ခုကို ကားပေါ်ဗုံးထောင်ပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖေါ်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up