A d v e r t i s e m e n t With Us

အရှင်ဂမ္ဘီရကို အာဏာစက်ဖြင့်​ အ​ရေး​ယူ​တော့​မည်ဟုဆို

အရှင်ဂမ္ဘီရ
အရှင်ဂမ္ဘီရကို ဓမ္မစက်နဲ့​ ​ဆောင်ရွက်လို့​ မဖြစ်နိုင်တာ​ကြောင့်​ အာဏာစက်နဲ့​ ဥပ​ဒေ​ကြောင်း​အရ အ​ရေး​ယူမယ်လို့​ ​ဖေ​ဖော်ဝါရီ ၁၉ ရက်​နေ့​ထုတ် မြန်မာ့​အလင်း​သတင်း​စာမှာ ​ရေး​ထား​ပါတယ်။ [caption id="attachment_21067" align="alignleft" width="300" caption="အရှင်ဂမ္ဘီရ"][/caption] အရှင်ဂမ္ဘီရဟာ ​ထောင်က​နေ ပြန်လွှတ်လာတဲ့​အခါမှာ သံဃာမဟာနာယက ဆရာ​တော်​တွေဆီမှာ ခွင့်​မပန်ဘဲ သင်္ကန်း​ပြန်ဝတ်ထား​၊​ ချိတ်ပိတ်ထား​တဲ့​ သင်္ဃန်း​ကျွန်း​မဂ္ဂင်​ကျောင်း​တိုက်ကို ကျူး​ကျော်​နေထိုင်ခြင်း​၊​ ​သော့​တွေကို ရိုက်ဖျက်ခဲ့​ခြင်း​တို့​ကြောင့်​ အ​ရေး​ယူဖို့​ စီစဉ်​နေတယ်လို့​ ​ဖော်ပြထား​ပါတယ်။ ​ ​ရွှေဝါ​ရောင်​တော်လှန်​ရေး​​ ဦး​ဆောင် သံဃာတပါး​ဖြစ်တဲ့​ ဦး​ဂမ္ဘီရဟာ က​လေး​မြို့​ အကျဉ်း​ထောင်မှာ ​ထောင်ဒဏ် ၆၃ နှစ် ချခံထား​ရာက​နေ လွတ်ငြိမ်း​ချမ်း​သာခွင့်​နဲ့​ မကြာ​သေး​ခင်ကမှ ပြန်လွတ်လာတာပါ။ အခုလ ၁၀ ရက်​နေ့​က အရှင်ဂမ္ဘီရကို အာဏာပိုင်​တွေက ​ခေတ္တ​ခေါ်​ဆောင်သွား​ပြီး​၊​ သံဃာမဟာနာယကရဲ့​ ဩဝါဒခံယူခိုင်း​ခဲ့​ပါတယ်။ ဒီလို​တွေ့​ဆုံတဲ့​အခါမှာ အရှင်ဂမ္ဘီရက သံဃမဟာနယက အဖွဲ့​ကို အချက် (၁၀) ချက် ​လျှောက်ထား​ခဲ့​ပြီး​၊​ ​ထောင်က လွှတ်ပြီး​ သံဃမဟာနယက အဖွဲ့​ဆီမှာ သင်္ကန်း​ဝတ်ခွင့်​ ​လျှောက်ထား​ဖို့​ ကိစ္စဟာ မလိုအပ်တဲ့​ ကိစ္စဖြစ်တယ်၊​ ​ရွှေညဝါဆရာ​တော် ဦး​ပညာသီဟကို သာဓု ဗုဒ္ဓတက္ကသိုလ်က​နေ နှင်ထုတ်တဲ့​ ကိစ္စကို ကန့်​ကွက်တယ်၊​ ​ထောင်ချခံခဲ့​ရတဲ့​ ရဟန်း​တွေ လွတ်​မြောက်​အောင် သံဃမဟာနယကအဖွဲ့​က မ​ဆောင်ရွက်​ပေး​တာကို ကန့်​ကွက်တဲ့​အ​ကြောင်း​တွေ ​ဖော်ပြထား​တယ်လို့​ မြန်မာ့​အလင်း​သတင်း​က ဆိုပါတယ်။ ဒီစွပ်စွဲချက်​တွေနဲ့​ပတ်သက်လို့​ အရှင်ဂမ္ဘီရကို ဖုန်း​ဆက်သွယ်လို့​ မရပါဘူး​။ ​ဖေ​ဖော်ဝါရီ ၁၇ ရက်​နေ့​အထိ အရှင်ဂမ္ဘီရ သီတင်း​သုံး​ခဲ့​တဲ့​ သင်္ဃန်း​ကျွန်း​ မဂ္ဂင် ​ကျောင်း​ထိုင် ဆရာ​တော် ဦး​ဣိန္ဒက က အ ခုကိစ္စဟာ မဖြစ်သင့်​ မဖြစ်ထိုက်တဲ့​ ကိစ္စလို့​ မိန့်​ပါတယ်။ “ဒါက​တော့​ ဦး​ဇင်း​အတွက်လည်း​ မ​ကောင်း​ဘူး​ပေါ့​ဗျာ။ အစိုး​ရအဖွဲ့​ကလည်း​ ဦး​ဂမ္ဘီရကို ဖမ်း​မယ်ဆီး​မယ်ဆိုရင် မ​ကောင်း​ဘူး​ပေါ့​။ အမှန်က ​ပြေလည်​အောင် ​ဆွေး​နွေး​လို့​ရပါတယ်။ ဦး​ဂမ္ဘီရက ရဟန်း​ပျိုတဦး​အ​နေနဲ့​ ​ပေါက်ကွဲ​နေမှာ​ပေါ့​။ ” သံဃမဟာနယကက အရှင်ဂမ္ဘီရကို ဆုံး​မလို့​ မရ​တော့​လို့​ အရပ်ဘက်က တရား​စွဲတဲ့​အ​နေအထား​မျိုး​ ​ရောက်မ​ရောက်ဆိုတာနဲ့​ ပတ်သက်ပြီး​ ဆရာ​တော်က အခုလို မိန့်​ပါတယ်။ “အဲဒီလို​တော့​ ​ရောက်မယ်မထင်ဘူး​ဗျာ။ ဘာဖြစ်လို့​လဲဆို​တော့​ ဆရာ​တော်က အဲဒီလို အ​နေအထား​ရောက်​အောင် လုပ်မယ့်​သူမျိုး​ မဟုတ်ပါဘူး​။ ဆုံး​မရုံပဲ ဆုံး​မမှာ​လေ။ ဆုံး​မလို့​ နာခံလို့​ရှိရင် ​ကောင်း​ကောင်း​မွန်မွန် သွား​မှာ​ပေါ့​။ တကယ်လို့​ အဆုံး​အမကို ဦး​ဂမ္ဘီရ အ​နေနဲ့​ ဆန့်​ကျင်ခဲ့​တယ်ဆိုရင် ငါတို့​တာဝန်​ကျေပြီ။ အဲဒီလိုမျိုး​သွား​မှာပဲ။” “အခုအ​နေအထား​က ဒီမိုက​ရေစီ နိုင်ငံလိုလို၊​ အာဏာရှင် နိုင်ငံလိုလို ဖြစ်​နေတဲ့​ ဦး​ဇင်း​တို့​နိုင်ငံမှာ​တော့​ ​အောက်​ခြေ​တွေမှာ သူတို့​ လုပ်ချင်တာ လုပ်လို့​ ရ​နေတယ်။ ဥပ​ဒေ စိုး​မိုး​ရေး​ အား​နည်း​နေ​သေး​တဲ့​ အတွက်​ကြောင့်​ ဒီဟာ​တွေက နည်း​နည်း​လေး​ ပြဿနာရှိ​သေး​တယ်။ ​နောက် ဦး​ဂမ္ဘီရကို အငြိုး​ကြီး​ကြီး​နဲ့​ ​နောက်က​နေ အငြိုး​ဖွဲ့​နေတဲ့​ပုံစံမျိုး​လို့​ မြင်တယ်။ ဦး​ဂမ္ဘီရရဲ့​ လှုပ်ရှား​မှုကို အန္တရာယ်ကြီး​ တခုလို မြင်​နေရင်​တော့​ မ​ကောင်း​ဘူး​ပေါ့​။”

A d v e r t i s e m e n t With Us

More News
Up