A d v e r t i s e m e n t With Us

ဆောက်သမ်ပတန်နည်းပြသစ်အဖြစ် ပယ်လီဂရီနိုကို ခန့်အပ်

ပရီးမီးယားလိဂ်ကလပ် ဆောက်သမ်ပတန်အသင်းက နည်းပြသစ်အဖြစ် မရီစီယို ပယ်လီဂရီနိုကို ခန့်အပ်လိုက်ပါတယ်။ အသက် ၄၅ နှစ်အရွယ် ပယ်လီဂရီနိုကို ဒီလအစောပိုင်းမှာ အထုတ်ခံလိုက်ရတဲ့ နည်းပြ နေရာမှာ အစားထိုး ခန့်လိုက်တာပါ။ နည်းပြ ပယ်လီဂရီနီဟာ စပိန်လာလီဂါကလပ် အာလာဗက်စ်အသင်းမှာ နည်းပြ လုပ်ခဲ့ပြီး အသင်းကို စပိန်ဖလား ဗိုလ်လုပွဲအထိ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဗိုလ်လုပွဲမှာတော့ ဘာစီလိုနာအသင်းကို ရှုံးနိမ့်ခဲ့ပါတယ်။ အာလာဗက်စ်အသင်းဟာ ပြီးခဲ့တဲ့ လာလီဂါရာသီ အမှတ်ပေးဇယားရဲ့ အဆင့် ၉ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ ဆောက်သမ်ပတန်အသင်းက အာဂျင်တီးနားသား နည်းပြသစ်ကို ၃ နှစ်စာချုပ်နဲ့ သဘောတူထား ဖြစ်ပါတယ်။ နည်းပြ ပယ်လီဂရီနိုဟာ ကစားသမားဘ၀တုန်းက လီဗာပူးနဲ့ ဗယ်လန်စီယာအသင်းတို့မှာ ကစားခဲ့ဖူးပါတယ်။

A d v e r t i s e m e n t With Us

More News
Up