Home
မြန်မာသတင်း
ပါကစ္စတန်တွင် ဗုံးခွဲတိုက်ခိုက်မှု ၂ ကြိမ်ဖြစ်ပွား၊ ၁၅ ဦး သေဆုံး
DVB
·
June 24, 2017
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ဘက် ပါရာချီနာမြို့မှာ ဇွန် ၂၃ ရက်နေ့က ပေါက်ကွဲမှု ၂ ခုကြောင့် လူအနည်းဆုံး ၁၅ ယောက် သေဆုံးတယ်လို့ အစိုးရ အရာရှိတယောက်က ပြောပါတယ်။ တရက်တည်းမှာ လူသေတဲ့ ဗုံးခွဲတိုက်ခိုက်မှု ၂ ကြိမ် ဖြစ်ခဲ့တာပါ။ ပေါက်ကွဲမှုတွေဟာ တခုနဲ့ တခုကြား ၃ မိနစ်သာ ခြားပြီး ဈေးတခုထဲမှာ ဖြစ်ခဲ့တာလို့ အကြီးတန်း အစိုးရအရာရှိ ဝါဇီယာခန်း ဝါဇီယာက ပြောပါတယ်။ ပရာချီနာ ခရိုင်ဟာ အာဖဂန်နစ္စတန်နိုင်ငံ နယ်စပ်နဲ့ နီးပါတယ်။ မွတ်စလင်တို့ရဲ့ ရာမာဒန် ဥပုသ်လအတွင်း ဝါဖြေချိန်အတွက် စားစရာဝယ်ဖို့ လူတွေ ဈေးဆီ စုပြုံရောက်လာချိန်မှာ ခုလို ဖောက်ခွဲခဲ့တာပါ။ ဒီလုပ်ရပ်ကို ဘယ်သူလုပ်တယ်ဆိုတဲ့ တာဝန်ခံမှု ဘယ်အုပ်စုကမှ မလုပ်ခဲ့ပါဘူး။ ဇွန် ၂၃ ရက်နေ့ သီးခြား တိုက်ခိုက်မှုတခုမှာလည်း ရဲ ၇ ဦး အပါအဝင် တခြားလူ အနည်းဆုံး ၁၃ ယောက် သေဆုံးပါတယ်။ အာဖဂန်နဲ့ နယ်စပ် အရှေ့ဘက်ပိုင်းက ကတ်တာမြို့မှာလည်း အသေခံ ကားဗုံးခွဲသူကြောင့် ရဲ ၇ ဦး အပါအဝင် လူ ၁၃ ဦး သေဆုံးပါတယ်။ ပါကစ္စတန် တာလီဘန် သင်းခွဲအုပ်စု ဂျမတ် အူရ် အာရာဟာက ကတ်တာမြို့ တိုက်ခိုက်မှုကို သူတို့လုပ်တာ ဖြစ်ကြောင်း အခိုင်းအမာ ပြောဆိုခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024