A d v e r t i s e m e n t With Us

ရွှေညဝါ ဆရာ​တော် စာသင်တိုက်ကို စွန့်​ခွာ

ရှေညဝါဆရာ​တျောကို တပညျ့​တကာ​တှေနဲ့​အတူ ​တှေ့​ရစဉ် (ဓာတ်ပံု - ​အောငျွကီး​)
ရွှေညဝါဆရာ​တော် ဘဒ္ဒန္တ ဦး​ပညာသီဟက ဒီက​နေ့​ကြည့်​မြင်တိုင် သာဓုပရိယတ္တိ စာသင်တိုက်က ထွက်ခွာခဲ့​ပါတယ်။ [caption id="attachment_21417" align="alignleft" width="300" caption="​ရွှေညဝါဆရာတော်ကို တပည့်တကာတွေနဲ့အတူ ​တွေ့ရစဉ် (ဓာတ်ပုံ - ​အောင်ကြီး​)"][/caption] ရွှေညဝါဆရာ​တော် ဘဒ္ဒန္တ ဦး​ပညာသီဟဟာ ဒီက​နေ့​ ​နေလယ် ဆွမ်း​စား​ပြီး​ချိန်မှာ ကြည့်​မြင်တိုင်မြို့​နယ် သာဓုပရိယတ္တိစာသင်တိုက်က​နေ ​မှော်ဘီ သဲအင်း​ဂူနား​ကို ​ပြောင်း​ရွှေတဲ့​အခါမှာ တပည့်​ သံဃာနဲ့​ ဒါယိကာ​တွေ မိန့်​ကြား​ခဲ့​တာနဲ့​ ပတ်သက်ပြီး​ ဒကာ တဦး​ဖြစ်တဲ့​ ကိုကိုကြီး​ (စမ်း​ချောင်း​) က အခုလို ​ပြောပါတယ်။ “သူတို့​ ငိုကြ​တော့​ ဆရာ​တော်ကြီး​က မငိုနဲ့​တဲ့​။ ငါက လူဝတ်လဲရတာလည်း​ မဟုတ်ဘူး​။ ​ထောင်ထွက်ရတာလည်း​ မဟုတ်ဘူး​ပေါ့​။ မင်း​တို့​တွေ့​ချင်ရင် ငါနဲ့​ အမြဲတမ်း​တွေ့​ နိုင်တာပဲတဲ့​။ ငါလည်း​ မကြာခဏ ဒီကိုကြွမှာပါတဲ့​။ မငိုကြဘဲနဲ့​၊​ ငိုမယ့်​အစား​ မျက်ရည်​တွေကို ခွန်အား​အဖြစ် ​ပြောင်း​ပြီး​တော့​ ​နောက်ထပ် တက္ကသိုလ်ကြီး​ ထူ​ထောင်နိုင်​အောင် ကြိုး​စား​ကြပါဆိုပြီး​ သူ့​ရဲ့​ တပည့်​ သီလရှင်​တွေ၊​ သံဃာ​တော်​တွေ၊​ ပုဂ္ဂိုလ်​တွေကို မိန့်​ကြား​ပါတယ်။ မကြာခင် သာသနာ့​ တက္ကသိုလ်ကြီး​တခုကို ပြန်လည်ထူ​ထောင်မယ့်​ အ​ကြောင်း​လည်း​ ​ပြောပါတယ်။” ရွှေညဝါ ဆရာ​တော်ဟာ နိုင်ငံ​တော်သံဃမဟာနာယကအဖွဲ့​ရဲ့​ ဆုံး​ဖြတ်ချက်အရ သာဓုပရိယတ္တိစာသင်တိုက်က​နေ စွန့်​ခွာလာခဲ့​ရတာပါ။ ရွှေညဝါဆရာ​တော်ဟာ ​ရှေ့​ဆက်လုပ်ရမှာ​တွေကို မိန့်​မှာခဲ့​တယ်လို့​ ကိုကိုကြီး​ (စမ်း​ချောင်း​) က ​ပြောပါတယ်။ “သူက အမျိုး​၊​ ဘာသာ၊​ သာသနာအတွက် အမြဲတမ်း​လုပ်​နေမှာပဲတဲ့​။ ဒီလိုလုပ်တဲ့​အတွက် ဖြစ်လာသမျှကို ဆရာ​တော်အ​နေနဲ့​ ရဲရဲရင့်​ရင့်​ လုပ်​ဆောင် ရင်ဆိုင်သွား​မယ့်​အ​ကြောင်း​ ​ပြောပါတယ်။ ​နောက်တခါ အမျိုး​သား​အ​ရေး​ကို မြတ်စွာဘုရား​၊​ ဘုရား​အ​လောင်း​တို့​ လုပ်​ဆောင်ခဲ့​တဲ့​ လမ်း​စဉ်အတိုင်း​ ဆက်လက် ကျင့်​ကြံ အား​ထုတ်သွား​မှာ ဖြစ်တဲ့​အတွက် ဆရာ​တော်အ​နေနဲ့​ ဘာမဆို ရင်ဆိုင်သွား​မယ်ဆိုတဲ့​အ​ကြောင်း​ မိန့်​ပါတယ်။ သာသနာပြု လုပ်ငန်း​တွေကိုလည်း​ ဘယ်​တော့​မှ ရပ်တန့်​မသွား​မယ့်​အ​ကြောင်း​ မိန့်​ပါတယ်။” သာဓုပရိယတ္တိ စာသင်တိုက်မှာ ​ကျောင်း​နေ စာသင်သား​သံဃာ အပါး​ ၂၅၀ ​လောက်ရှိပြီး​တော့​ အပြင်က​နေလာ​ရောက်သင်ယူသူ သံဃာနဲ့​သီလရှင် အပါး​ ၁၀၀၀ ​ကျော်ရှိ​နေပါတယ်။ ကျောင်း​ရဲ့​ ​နောက်ဆုံး​အ​ခြေအ​နေကို ကိုကိုကြီး​ (စမ်း​ချောင်း​) က “​လော​လောဆယ်​တော့​ လက်​ထောက် ဆရာ​တော် ဦး​တေဇနိယက ဆက်လက် အုပ်ချုပ်​နေပါတယ်။ ကထိက​တွေ၊​ စာသင်၊​ စာချ ဆရာ​တော်​တွေ ရှိပါတယ်။ ​ကျောင်း​ဆက်ဖွင့်​ခွင့်​ ရလား​၊​ မရဘူး​လား​ဆိုတာ​တော့​ မသိ​သေး​ပါဘူး​။ အကယ်၍ ​ကျောင်း​ကို တက္ကသိုလ်ကြီး​အဖြစ် ဆက်ဖွင့်​ခွင့်​မရဘူး​ဆိုလည်း​ ဒီ နှစ်ဝက်ကို​တော့​ သည်း​ခံကြဖို့​ ​ပြောပါတယ်။ ​နောက် နှစ်ဝက်မှာ သံဃာ​တွေ၊​ သီလရှင်​တွေကို ​နေရာ ဌာနတခုကို စီစဉ်ပြီး​တော့​ စာ​ပေ၊​ ပရိယတ္တိ​တွေကို ဆက်လက်ပို့​ချသွား​မယ်လို့​ မိန့်​ပါတယ်။” ဆရာ​တော်ကို တပည့်​ သံဃာ၊​ ဒါယိကာ​တွေ ၈၈ မျိုး​ဆက် ​ကျောင်း​သား​ခေါင်း​ဆောင်​တွေက ​မှော်ဘီ ယာယီ​ကျောင်း​အထိ လိုက်ပါ ပို့​ဆောင်ခဲ့​ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up