ဝါးဖောင်အောက်ဝှက်သယ်ဆောင်သည့် သစ်များ ဖမ်းဆီးရမိ
DVB
·
June 24, 2017
စစ်ကိုင်းတိုင်း မုံရွာမြို့နယ်၊ ဦးသာဘုံကိုင်းရွာ၊ ချင်းတွင်းမြစ်အတွင်း ဝါးဖောင်အောက်မှာ တရားမဝင်သယ်ဆောင်လာတဲ့ သစ် ၅ တန်ကျော်ကို ဇွန် ၂၃ ရက် ညနေပိုင်းမှာ ဖမ်းဆီးရမိခဲ့တယ်လို့ မုံရွာမြို့မရဲစခန်းက သိရပါတယ်။
ဝါးဖောင်မျောလာသူမှာ ဘုန်းခိုင် (၂၁ နှစ်) လောင်းကောင်းကျေးရွာ၊ မော်လိုက်မြို့နယ်ကဖြစ်ပြီး ဝါးဖောင်အောက်မှာ တရားမဝင် ကျွန်းသစ်တိုင် ၃၉ လုံး၊ အင်သစ်တိုင် ၃၈ လုံးနဲ့ တရုတ်ထုတ်ဂျင်ဒေါင်းအမျိုးအစား စက်တစ်လုံးတို့ကို ပူးပေါင်းအဖွဲ့တွေက သတင်းအရ သွားရောက် ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
ဖမ်းမိတဲ့ သစ်တန်ချိန် စုစုပေါင်း ၅.၄၁၄တန်၊ ကာလတန်ဖိုး ၅ သိန်းကျော်ရှိပြီး သွားရောက်ဖမ်းဆီးခဲ့တဲ့ တိုင်းရဲတပ်ဖွဲ့မှ ရဲအုပ်မျိုးလှိုင်က တရားလိုပြုလုပ်ပြီး မုံရွာမြို့မရဲစခန်းမှာ အမှုဖွင့်အရေးယူဆောင်ရွက်နေပါတယ်။
အောင်ကိုလတ်