The Voice သတင်းစာအမှု တရားလို ဒုဗိုလ်မှူးကြီးလင်းထွန်းကို စတင်စစ်ဆေး (ဓာတ်ပုံ)
DVB
·
June 23, 2017
ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုခံထားရတဲ့ The Voice အယ်ဒီတာချုပ် ကိုကျော်မင်းဆွေရဲ့အမှုကို ဒီကနေ့ ရန်ကုန် ဗဟန်းတရားရုံးမှာ ၄ကြိမ်မြောက် ရုံးထုတ်ရာမှာ တရားလိုဖြစ်သူ ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဒုဗိုလ်မှူးကြီးလင်းထွန်းကို စတင်စစ်ဆေးခဲ့ပါတယ်။
အဲဒီလို စတင်စစ်ဆေးတဲ့နေ့မှာ သတင်းမီဒီယာသမားတွေနဲ့ ဦးကျော်မင်းဆွေရဲ့ မိသားစုဝင်အချို့ တရားရုံးထဲကို ဝင်ရောက်သတင်းယူခွင့် တားမြစ်ပိတ်ပင်ခံခဲ့ရပါတယ်။