A d v e r t i s e m e n t With Us

အင်္ဂလန်နှင့်စပိန် ယူ ၂၁ အသင်းတို့ ဥရောပဖလား ဆီးမီးဖိုင်နယ် တက်ရောက်

အသက် ၂၁ နှစ်အောက် ဥရောပဖလားပြိုင်ပွဲမှာ အင်္ဂလန်နဲ့စပိန်အသင်းတို့ ဆီမီးဖိုင်နယ်တက်သွားပါတယ်။ အင်္ဂလန်လူငယ်အသင်းဟာ မနေ့က ကစားခဲ့တဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ အိမ်ရှင် ပိုလန် အသင်းကို ၃ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တာကြောင့် အုပ်စုပထမရပြီး ဆီမီးဖိုင်နယ်တက်ရောက်သွားတာပါ။ အင်္ဂလန်လူငယ်အသင်းဟာ အုပ်စုအဖွင့်ပွဲမှာ ဆွီဒင်နဲ့ဂိုးမရှိ သရေကျခဲ့ပေမယ့် ဒုတိယပွဲမှာ လည်း ဆလိုဗက်ကီးယားကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူခဲ့ပါတယ်။ စပိန်အသင်းကတော့ ဒီကနေ့ညမှာ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဆားဘီးယားနဲ့ ကစားဖို့ ကျန်သေးပေမယ့် ၂ ပွဲကစား၊ ၂ ပွဲနိုင်၊ ရမှတ် ၆ မှတ်နဲ့ အုပ်စုပထမရပြီး ဆီမီးဖိုင်နယ်တက်ခဲ့တာပါ။ စပိန်ယူ ၂၁ အသင်းဟာ မက်ဆီဒိုးနီးယားကို ၅ ဂိုး ဂိုးမရှိ၊ ပေါ်တူဂီကို ၃ ဂိုး ၁ ဂိုးရလဒ်တွေနဲ့ အနိုင်ရခဲ့တာပါ။ နာမည်ကြီး ဂျာမနီယူ ၂၁ အသင်းကလည်း ၂ ပွဲကစား ၂ ပွဲနိုင်နဲ့ ဆီမီးဖိုင်နယ် တက်ဖို့ အခွင့်အရေးများနေပါတယ်။ ဥရောပယူ ၂၁ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ခြေစစ်ပွဲအောင်အသင်း ၁၂ ကို ၃ အုပ်စုခွဲပြီး ယှဉ်ပြိုင်နေတာပါ။ ဒီအုပ်စု၃ခုထဲကနေ အုပ်စုပထမအသင်း ၃ သင်းက ဆီမီးဖိုင်နယ် တက်ခွင့်ရမှာဖြစ်ပြီး အကောင်းဆုံးအုပ်စု ဒုတိယအသင်းတသင်းလည်း ဆီမီးဖိုင်နယ် တက် ရောက်ခွင့်ရမှာဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up