မြန်မာဘဏ်စာရင်များ ပြန်ဖွင့်ပေးရန် မူဆယ်မြို့တွင် ဆန္ဒပြတောင်းဆို (ဓာတ်ပုံ)
DVB
·
June 23, 2017
တရုတ်နိုင်ငံဘဏ်တွေမှာ ပိတ်ခံထားရတဲ့ မြန်မာကုန်သည်တွေရဲ့ ဘဏ်စာရင်းတွေကို အမြန်ဆုံး ပြန်ဖွင့်ပေးဖို့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ ဒီကနေ့မနက် ဒေသခံတွေက ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှု ဘယ်မှာလဲ၊ မတရားထိန်းသိမ်းထားသော အကောင့်များ ချက်ချင်းပြန်ဖွင့်၊ ငါတို့ကို အသက်ရှင်ခွင့်ပေး စတဲ့ ပိုစတာတွေ ကိုင်ဆွဲပြီး ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
အွန်လိုင်းလောင်းကစားလုပ်ငန်းတွေ လုပ်ကိုင်ပြီး တရားမဝင် ငွေလွှဲတာတွေ ရှိနေတာကြောင့် တရုတ်အာဏာပိုင်တွေက ဘဏ်စာရင်းတွေကို စစ်ဆေးဖို့ ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက ပိတ်ထားခဲ့တာပါ။
တရုတ်-မြန်မာနယ်စပ် ရွှေလီမြို့ပေါ်ရှိ ဘဏ်ခွဲတွေက ဘဏ်စာရင်းပေါင်း ၃၄၉ ခုကို စစ်ဆေးဖို့ ယာယီပိတ်သိမ်းရာမှာ မြန်မာနိုင်ငံသားပိုင် ဘဏ်စာရင်း ၁၃၂ ခု ပါဝင်သွားတာလည်း ဖြစ်ပါတယ်။
ဓာတ်ပုံ - လွင်မှိုင်း