တောင်ကိုရီးယားသမ္မတဟောင်း၏ မိတ်ဆွေ ချိုအီစွန်းဆီလ်ကို ထောင်ဒဏ် ၃ နှစ်ချမှတ်


544
တောင်ကိုရီးယား သမ္မတဟောင်း ပတ်ဂွန်ဟေးရဲ့မိတ်ဆွေ ချိုအီစွန်းဆီလ်ကို ဆိုးလ်မြို့တရားရုံးက အကျင့်ပျက်လာဘ်စားမှုနဲ့ ထောင်ဒဏ် ၃ နှစ် ဇွန်လ ၂၃ ရက်နေ့က အပြစ်ပေးလိုက်ပါတယ်။
သူဟာ သမ္မတဟောင်းပတ်ရဲ့ အရင်းနှီးဆုံးမိတ်ဆွေ ဖြစ်သလို အကြံပေးတဦးလည်း ဖြစ်ပါတယ်။ သူဟာ သမ္မတပတ်ရဲ့ လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားလုပ်ပြီး ဆမ်ဆောင်းအုပ်စု အပါအဝင် ကိုရီးယား ကုမ္ပဏီကြီးတွေထံကနေ ဝမ်ငွေ သန်းထောင်နဲ့ချီပြီး လာဘ်ငွေယူခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။
ဒီအတွက် ကိုရီးယားဖွဲ့စည်းပုံတရားရုံးက သမ္မတပတ်ကို ရာထူးကနေ ဖယ်ရှားပြီး သီးသန့် တရားရုံးတခုမှာ ဖမ်းဆီးစစ်ဆေးနေပါတယ်။ ဒါ့အပြင် ဆိုးလ်မြို့တရားရုံးတခုကလည်း ချိုအီစွန်းဆီလ်ကို လအတော်ကြာ စစ်ဆေးပြီးတဲ့နောက် အခုလို ထောင် ၃-နှစ် ပြစ်ဒဏ် ချမှတ်လိုက်တာဖြစ်ကြောင်း ဘီဘီစီ သတင်းအရ သိရပါတယ်။