Home
မြန်မာသတင်း
မှတ်ပုံတင်မထားသည့် ဖုန်းဆင်းကတ်များကို ဇူလိုင် ၁ ရက်နေ့ အပြီးပိတ်သိမ်းမည်
DVB
·
June 23, 2017
မှတ်ပုံတင်ခြင်းမရှိတဲ့ တယ်လီဖုန်း ဆင်းကတ်တွေကို လာမယ့် ဇူလိုင် ၁ ရက်က စတင်ပြီး အပြီးသတ် ပိတ်သိမ်းသွားမယ်လို့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက အသိပေး နှိုးဆော်လိုက်ပါတယ်။ ၂ဝ၁၇ ဇွန် ၃ဝ ရက်နေ့အထိ မှတ်ပုံတင်ခြင်းမရှိတဲ့ ဆင်းကတ်တွေကို ၂၀၁၇ ဇူလိုင် ၁ ရက်ကစပြီး အပြီးသတ်ပိတ်သိမ်းသွားမှာဖြစ်လို့ သုံးစွဲသူ ပြည်သူတွေအနေနဲ့ မှတ်ပုံတင်ဖို့ ကျန်နေတဲ့ ဆင်းကတ်တွေကို အချိန်မီ စနစ်တကျ မှတ်ပုံတင် ဆောင်ရွက်သွားကြဖို့လည်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက တိုက်တွန်းထားပါတယ်။ တယ်လီဖုန်း သုံးစွဲသူ ပြည်သူတွေအနေနဲ့ ဆင်းကတ်တွေကို ၂ဝ၁၇ ခုနှစ် မတ် ၃၁ ရက် နောက်ဆုံးထားပြီး မှတ်ပုံတင်ခြင်း ဆောင်ရွက်သွားဖို့နဲ့  မှတ်ပုံတင်ခြင်း မရှိတဲ့ ဆင်းကတ်တွေကို ယာယီပိတ်သိမ်းမယ်လို့ အရင်ကလည်း အသိပေးကြေညာခဲ့ဖူးပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024