Home
မြန်မာသတင်း
အိန္ဒိယ၊ တရုတ်နှင့် ထိုင်းကုမ္ပဏီထုတ် ဆေးဝါး ၈ မျိုးကို တရားမဝင်ဆေးဝါးအဖြစ် ကြေညာ
DVB
·
June 23, 2017
မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားခြင်းမရှိတဲ့ တရားမဝင်ဆေးဝါး ၈ မျိုးကို  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အသိပေး နှိုးဆော်ထားပါတယ်။ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေနဲ့ ဈေးကွက်အတွင်းရှိ ဆေးဝါးတွေကို စိစစ်ခဲ့ရာမှာ အိန္ဒိယ၊ ထိုင်းနဲ့ တရုတ်ကုမ္ပဏီထုတ် ဆေးဝါး ၈ မျိုးဟာ  မြန်မာနိုင်ငံမှာ မှတ်ပုံတင်ထားခြင်းမရှိတဲ့  တရားမဝင်ဆေးဝါးတွေဖြစ်ကြောင်း စိစစ်တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ အများပြည်သူတွေအနေနဲ့ မှတ်ပုံတင်ထားခြင်းမရှိတဲ့ ဆေးဝါးတွေကို ဝယ်ယူသုံးစွဲခြင်း မပြုကြဖို့နဲ့  မြန်မာနိုင်ငံမှာ မှတ်ပုံတင် ရရှိထားတဲ့ ဆေးဝါးတွေကို ဆရာဝန် ညွှန်ကြားချက်နဲ့ ဝယ်ယူသုံးစွဲကြဖို့ အသိပေးထားပါတယ်။ အလားတူ ပြည်ပက တင်သွင်းတဲ့ ဆေးဝါး ၆ မျိုးကို မှတ်ပုံတင် ပယ်ဖျက်ကြောင်းနဲ့  ၂ မျိုးကို တင်သွင်းခွင့် ခေတ္တပိတ်သိမ်းထားကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက မနေ့က ကြေညာထားပါတယ်။ တရားမဝင်ဆေးဝါးအမည် အပြည့်အစုံ--- ဓာတ်ပုံ - MOI Webportal Myanmar
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024