Live
Home
မြန်မာသတင်း
ကြားဖြတ်ရွေးကောက်ပွဲသည် အရေးအကြီးဆုံး မှတ်ကျောက်ဟု ကုလသမဂ္ဂပြော
DVB
·
February 19, 2012
ကြားဖြတ်ရွေးကောက်ပွဲဟာ မြန်မာပြည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စဉ်မှာ အစိုးရအတွက် အရေးကြီးတဲ့ မှတ်ကျောက်ဖြစ်တယ်လို့ မြန်မာပြည်ကို ၆ ရက်တာ လာရောက်ခဲ့တဲ့ ကုလသမဂ္ဂကိုယ်စားလှယ် ဗီဂျေနမ်ဘီယားက ပြောလိုက်ပါတယ်။ [caption id="attachment_21398" align="alignright" width="300" caption="ဗီဂျေနမ်ဘီယား"][/caption] ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီအားလုံး တန်းတူရည်တူ လွတ်လွတ်လပ်လပ် ယှဉ်ပြိုင်နိုင်ဖို့ကို ကုလသမဂ္ဂကိုယ်စားလှယ်က တိုက်တွန်းလိုက်တာကို ကုလသမဂ္ဂရဲ့​ ​ပြန်ကြားရေးစာမျက်နှာမှာ​ ​ဖော်ပြထားပါတယ်။ ကချင်ပြည်နယ်က အခြေအနေတွေ တိုးတက်လာဖို့နဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေတွေ တိုးတက်လာဖို့လည်း လိုအပ်နေတယ်လို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ အကြံပေးက ပြောတယ်။ မြန်မာပြည်မှာ တဖက်နဲ့တဖက် မယုံကြည်တာတွေကို ကျော်လွှားပြီး၊ အားလုံးပါဝင် ဆွေးနွေးနိုင်တဲ့ နိုင်ငံရေးဖြစ်စဉ်ကနေ ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ဟာ မရှိမဖြစ် အရေးကြီးတုန်းပဲ မစ္စတာ နမ်ဘီ​ယား​က ပြောပါတယ်။ နောက်ထပ် အရေးကြီးက ပြည်သူတွေအတွက် အကျိုးဖြစ်ထွန်းစေမည့်​ ​ပြုပြင်ပြောင်းလဲမှုတွေကို အစိုးရက လက်တွေ့လုပ်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင်​ ဖန်တီးရေးတို့အတွက်​ ​ပြုပြင်ပြောင်းလဲမှုတွေကို​ လုပ်ဆောင်ဖို့ ဗဟိုအစိုးရနဲ့ ဒေသအစိုးရတွေမှာ တာဝန်ရှိတယ်လို့  မစ္စတာ နမ်ဘီးယားက ပြောပါတယ်။ မစ္စတာ နမ်ဘီ​ယားဟာ သောကြာနေ့မှာ ခရီးစဉ်အဆုံးမသတ်ခင် မြန်မာပြည်မှာ ရှိနေတဲ့ ၆ ရက်အတွင်းမှာ သမ္မတဦးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊​ ​ဒေါ်အောင်ဆန်းစုကြည်၊ လူထုအခြေပြုအဖွဲ့တွေ၊ တိုင်းရင်းသား အဖွဲ့တွေ၊ စီးပွားရေးသမားတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024