A d v e r t i s e m e n t With Us

ရေထဲပြုတ်ကျ ဆင်ကလေးကို စိုးရိမ်တကြီး ကယ်တင်ခဲ့သည့် ဆင်ကြီး ၂ ကောင်ရဲ့ ချစ်စဖွယ်ဟန် (ရုပ်သံ)

  ဇွန်လ ၂၀ ရက်၊ ၂၀၁၇ ခုနှစ် ရေကန်ထဲကို ဆင်ပေါက်လေးတကောင် ပြုတ်ကျပြီး ရေပေါ် ပေါ်နိုင်အောင် ကြိုးစားကူးခတ်နေရချိန် ဆင်ကြီး ၂ ကောင်က အမြန်ပူးပေါင်းပြီး ကယ်တင်နိုင်ခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ ဂရန်းပါ့ခ် တိရစ္ဆာန်ရုံထဲက ရေကန်ကြီးထဲ ဆင်ပေါက်လေး ပြုတ်ကျကာ ရေနစ်မှာစိုးရိမ်ပြီး ကူးခတ်နေရချိန် ဆင်ကြီး နှစ်ကောင်က ရေကန်ရဲ့အစပ်ကို အမြန်သွားပြီး သူတို့ကယ်နိုင်ဖို့ နည်းလမ်းကို ရှာကြတာပါ။ ဒီရုပ်သံကို တိရစ္ဆာန်ရုံ စောင့်ကြည့်ကင်မရာက ဖမ်းယူရိုက်ကူးမိခဲ့တာပါ။ ဆင် နှစ်ကောင်လည်း ရေကန်ပတ်လည်ကို ပြေးပြီး ရေထဲဆင်းကာ ကြောက်လန့်တကြားဖြစ်နေတဲ့ ဆင်ပေါက်လေးဆီ သွားခဲ့ကြပါတယ်။ စက္ကန့်ပိုင်းအတွင်းမှာပဲ ဆင်ပေါက်ကလေးကို လမ်းလျှောက်သွားလို့ရတဲ့ ရေတိမ်ပိုင်းဘက် တင်ပေးလိုက်ပါတယ်။ ဒါက အရွယ်ရောက်ဆင်တွေ သူတို့ရဲ့ ကလေးတွေကို ကယ်တင်ဖို့ အံ့သြဖွယ်ရာ ပူးပေါင်းလုပ်ဆောင်မှုကို ပြသနေတာပါ။ ဒီရုပ်သံမြင်ကွင်းရဲ့နောက်ဘက်မှ နောက်ဆင်ကြီးတကောင်ကလည်း ဆင်ပေါက်လေး အဆင်မှ ပြေရဲ့လားဆိုတဲ့ စိုးရိမ်စိတ်နဲ့ ပတ်ပြေးနေတဲ့ မြင်ကွင်းကိုလည်း တွေ့ရပါတယ်။ အံ့သြဖွယ်ရုပ်သံကို လူမှုကွန်ရက်ပေါ် တင်ချိန်မှာတော့ ကြည့်ရှုသူပေါင်း သန်းတဝက်နီးပါး ရှိတယ်လို့ မေရာသတင်းမှာ ဇွန် ၂၀ ရက်နေ့က ရေးထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up