ပြည်ပကတင်သွင်းသည့် ဆေးဝါး ၈မျိုးကို တင်သွင်းခွင့်ပိတ်သိမ်း၊ မှတ်ပုံတင်ပယ်ဖျက်
DVB
·
June 22, 2017
စံမညီဆေးဝါးတွေဖြစ်တဲ့အတွက် တင်သွင်းခွင့်ခေတ္တပိတ်သိမ်းလိုက်တဲ့ ဆေးဝါးတွေနဲ့ မှတ်ပုံတင်ပယ်ဖျက်လိုက်တဲ့ ဆေးဝါး ၈မျိုးရဲ့ အမည်စာရင်းကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က ဒီကနေ့ ကြေညာပါတယ်။
မှတ်ပုံတင်ပယ်ဖျက်ခံခဲ့ရတဲ့ ဆေးဝါး ၆မျိုးမှာ အိနိယနိုင်ငံထုတ် ဆေးဝါး ၄ မျိုး၊ တရုတ်နိုင်ငံ ထုတ်ဆေးဝါး ၁ မျိုးနဲ့ ကိုရီးယားထုတ် ဆေးဝါး ၁မျိုးပါဝင်ပါတယ်။
တင်သွင်းခွင့် ခေတ္တပိတ်သိမ်းခံထားရတဲ့ ဆေးဝါး ၂မျိုးကတော့ အိန္ဒိယနိုင်ငံက ထုတ်လုပ်တာဖြစ်ပါတယ်။
ဆေးဝါးအမည်အပြည့်အစုံ ဓာတ်ပုံ--