Home
မြန်မာသတင်း
နိုင်ငံတော်၏ အရေးကြီးပုဂ္ဂိုလ်များအား ကျန်းမာရေးအထူးဝန်ဆောင်မှုပေးနေ
အောင်ဆန်းဦး
·
June 22, 2017
ဆေးပညာကျင့်ဝတ်အရ တရားဝင် ထုတ်ပြန်နိုင်ခြင်း မရှိပေမယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံတော်ရဲ့ အရေးကြီးပုဂ္ဂိုလ်တွေကို ကျန်းမာရေး အထူးဝန်ဆောင်မှု ပေးထားတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။ ဝန်ကြီး ဒေါက်တာမြင့်ထွေးက “အစီစဉ်တွေ အကုန်လုပ်ထားတယ်။ ဒါက လျှို့ဝှက်၊ နိုင်ငံတော်လျှို့ဝှက်။ သူတို့ ဘယ်လိုကုမလဲ။ ဒါ ဘယ်သူမှ မသိဘူး။ သူတို့ရဲ့ ကျန်းမာရေးဝန်ကြီးလောက်ပဲ သိမှာ။ သူ့ရဲ့ လျှို့ဝှက်ချက်လေ။ ဒါက ဆေးပညာကျင့်ဝတ်အရ ခင်ဗျားက သမ္မတကြီးကို ကုနေတယ်ပဲထား၊ ကျနော့်ကို ပြောလို့မရဘူး။ ခင်ဗျားက ဆရာဝန်၊ ကျနော်ကလည်း ဆရာဝန်နော်။ ဆရာဝန်အချင်းချင်းတောင် ပြောလို့မရဘူး။ သူ့ရဲ့ သဘောတူညီမှုရှိမှ ပြောလို့ရတာ။ ဒါတွေကိုလည်း ကျနော်တို့က လုပ်နေပြီ” နိုင်ငံတော်ရဲ့ အရေးကြီးပုဂ္ဂိုလ်တွေကို ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကျန်းမာရေးဝန်ဆောင်မှု ပေးနေတဲ့ပုံစံနဲ့ ပတ်သက်လို့ ဇွန်လ ၂၂ ရက် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးအပြီး မီဒီယာတွေနဲ့ မေးမြန်းချက်ကို   ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြေဆိုခဲ့တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024