ရပ်ကွက်ထဲ မူးယစ်ရမ်းကားသူကို စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းမိ
DVB
·
June 22, 2017
တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့ ကျန်စစ်သားရပ်ကွက်မျာ ဇွန်လ ၂၀ ရက် မနက် ၁၀ နာရီက ရပ်ကွက်ထဲ မူးယစ်ရမ်းကားသူကို ဖမ်းဆီးရာ စိတ်ကြွဆေးပြားတွေပါ ဖမ်းဆီးရမိခဲ့တယ်လို့ သိရ ပါတယ်။
ရပ်ကွက်အုပ်ချူပ်ရေးမှူး ရုံးရှေ့မှာ အမျိုးသားတဦး အော်ဟစ်ရမ်းကားနေတာကြောင့် ဥက္ကံနယ်မြေရဲတပ်ဖွဲ့စခန်းက ဒုရဲအုပ်လှိုင်မင်းထွန်းနဲ့ တပ်ဖွဲ့ဝင်တွေ သွားရောက်စစ်ဆေးရာ အော် ဟစ်ရမ်းကားနေသူ ဝတ်ဆင်ထားတဲ့ ပုဆိုးခါးပုံစထဲက WY စာတမ်းပါ စိတ်ကြွဆေးပြားတွေနဲ့ အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဥက္ကံနယ်မြေရဲစခန်းက ဒုရဲအုပ်ဌေးလွင်က ပြောပါတယ်။
တရားခံမှာ ဥက္ကံမြို့ ကျန်စစ်သားရပ်ကွက်နေသူ ကမား(ခ)လှမင်းဖြစ်ပြီး ဝတ်ဆင်ထားတဲ့ ပုဆိုးခါးပုံစထဲက ပလပ်စတစ်အမဲရောင်နဲ့ ထုတ်ထားတဲ့ WYစာတမ်းပါ လိမ္မော်ရောင်စိတ်ကြွဆေးပြား ၂၉ ပြား၊ ပလပ်စတစ်အဖြူရောင်နဲ့ ထုက်ထားတဲ့ WYစာတမ်းပါ လိမ္မော်ရောင်စိတ်ကြွဆေးပြား ၁၀ ပြားစုစုပေါင်း ၃၃ ပြား၊ တန်ဖိုးငွေ ၁၁၅၅၀၀ ကျပ်ဖိုး ငွေစက္ကူရောရာ ၂၂၀၀ ကျပ်တို့နဲ့အတူ ဖမ်းဆီးရမိခဲ့တာပါ။
တရားခံက ဆေးဝါးသုံးစွဲစွဲပြီး စိတ်မူမမှန်တာကြောင့် စစ်ဆေးမူပြုလုပ်မရရှိသေးဘဲ ဥက္ကံတိုက်နယ်ဆေးရုံမှာ ဆေးကုသဆောင်ရွက်ထားပြီး ဥက္ကံနယ်မြေရဲစခန်းမှာ ထိန်းသိမ်းထားရှိတယ်လို့ သိရပါတယ်။
ဥက္ကံနယ်မြေရဲစခန်းက တရားခံကမား(ခ)လှမင်းကို မူးယစ်(ပ)၂/၂၀၁၇ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတက်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ- ၁၅/၁၉(က)/၂၀(က) တို့နဲ့ ဒုရဲအုပ်လိုင်မင်းထွန်းက တရားလိုပြုလုပ်ပြီး ဒုရဲအုပ်ဌေးလွင်က အမူကိုလက်ခံစစ်ဆေး နေတယ်လို့ ပြောပါတယ်။
သတင်း-မေသွယ်