A d v e r t i s e m e n t With Us

ခန္ဓာကိုယ်အောက်ပိုင်း ဂျင်းဘောင်းဘီအရောင် ဆေးခြယ်ပြီး လမ်းလျှောက်ခဲ့သည့် မော်ဒယ် (ရုပ်သံ)

ဇွန်လ ၂၁ ရက်၊ ၂၀၁၇ ခုနှစ် ဥရုဂွေးမော်ဒယ်လ်တဦးဖြစ်တဲ့ မော်ဒယ် Gime Gelos က လူတွေ ဘယ်လောက် အာရုံပျက်ပြားလဲဆိုတဲ့ လူမှုစမ်းသပ်မှုတခု ပြုလုပ်ချင်လို့ ခန္ဓာကိုယ်အောက်ပိုင်းကို လုံးဝမလုံ့တလုံ (G-string) အတွင်းခံဘောင်းဘီသာ ဝတ်ပြီး ဂျင်းဘောင်းဘီ ဝတ်ဆင်ထားသယောင် ဆေးခြယ်ကာ မြို့တွင်း လမ်းလျှောက်စမ်းသပ်မှုတခု ပြုခဲ့ပါတယ်။ “ဥရုဂွေးလူမှုအဖွဲ့အစည်းက ဘယ်လောက်တောင် အာရုံပျက်ပြားလဲဆိုတဲ့” လမ်းလျှောက်စမ်းသပ်မှုကို ဥရုဂွေးနိုင်ငံ မြို့တော် မွန်တေဗဒေးယိုမှာ မော်ဒယ်က ပြုလုပ်ခဲ့ပြီး ရုပ်သံရိုက်ကူးခဲ့တာပါ။ မော်ဒယ်ရဲ့ ခန္ဓာကိုယ်အောက်ပိုင်းကို ဆေးအပြာနုရောင် ချယ်ပြီး နောက်ထပ် အနုစိတ်ရေးဆွဲကာ အသားကပ်ဂျင်းဘောင်းဘီ ဝတ်ထားသယောင် ချယ်မှုန်းထားတာကို ရုပ်သံထဲမှာ မြင်ရပါတယ်။ အဲ့ဒီနောက် ခန္ဓာအောက်ပိုင်း ဆေးခြယ်ထားတဲ့ မော်ဒယ်က မြို့တွင်း လမ်းတွေပေါ် သွား၊ ဘတ်စ်ကား စီး၊ လူစည်ကားရာ အသင့်စားဆိုင်တွေအထဲထိ ဝင်ခဲ့ကာ လမ်းသွားလမ်းလာတွေ သူမကို မြင်ပြီး ဘယ်လိုတုံ့ပြန်လဲဆိုတာ ရုပ်သံနဲ့မှတ်တမ်းတင်ခဲ့တာပါ။ အများစုက သူမရဲ့အောက်ပိုင်းဘောင်းဘီရှည် မဝတ်ထားတဲ့အဖြစ်ကို သတိမပြုမိဘဲ မက်ဒေါ်နယ်လ်ဆိုင်ထဲက အမျိုးသမီးတယောက်သာ သတိပြုမိပြီး သူမကို နောက်တခါ ပြန်ကြည့်ခဲ့တာကို ရုပ်သံက ရိုက်ကူးမိခဲ့ပါတယ်။ ဒီရုပ်သံကို ယူကျူ့ပေါ် တင်ချိန်မှာ ရေပန်းစားနေပြီး ကြည့်ရှုသူပေါင်း ၂ သန်းနီးပါး ရှိခဲ့တယ်လို့ မေရာသတင်းမှာ ဇွန်လ ၂၁ ရက်နေ့က ရေးထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up