Home
မြန်မာသတင်း
ပျက်ကျလေယာဉ်မှ လေယာဉ်ကိုယ် အပိုင်းအစများ ဆယ်ယူရရှိ
DVB
·
June 21, 2017
ပျက်ကျ Y-8 လေယာဉ်မှ လေယာဉ်ကိုယ်ထည် အလူမီနီယံအပိုင်းအစ ၆ ခုကို ဒီနေ့မနက်ပိုင်းက ထပ်မံ ဆယ်ယူရရှိခဲ့ပါတယ်။ တပ်မတော်(ရေ)မှ ဆိုနာစနစ်နဲ့ ဖမ်းယူရရှိတဲ့ ပုံရိပ်တွေအပေါ်မူတည်ပြီး ငါးဖမ်းပိုက် တွေနဲ့ တရွတ်ဆွဲရှာဖွေရာ လေယာဉ်အမြီးပိုင်း တွေ့ရှိခဲ့တဲ့ နေရာအနီးတစ်ဝိုက်မှာ ဒေသခံငါးဖမ်းစက်လှေတွေက ဆယ်ယူရရှိခဲ့တာလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။ ကျန်ရှိနေတဲ့ လေယာဉ်ကိုယ်ထည်အစိတ်အပိုင်းတွေ ရရှိရေးအတွက် တပ်မတော်(ရေ)မှ စစ်ရေယာဉ်တွေ၊ ကျွမ်းကျင်ရေငုပ်စစ်သည်တွေ ဒေသခံငါးဖမ်းစက်လှေတွေ ပူးပေါင်း ရှာဖွေရေး လုပ်ငန်းများ ဆက်လက်ရှာဖွေနေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေကလည်း လေယာဉ်အမြီးပိုင်းနဲ့ လေယာဉ်ပျံသန်းမှု အချက်အလက် မှတ်တမ်းတင်ကိရိယာ Black Box ကို ရှာဖွေတွေ့ရှိထားပြီး ဖြစ်ပါတယ်။ လူပေါင်း ၁၂၂ ယောက် လိုက်ပါခဲ့တဲ့ Y-8 လေယာဉ်ဟာ ဇွန် ၇ ရက်နေ့က ပျက်ကျခဲ့တာဖြစ်ပြီး ဒီနေ့ထိ စုစုပေါင်း ၉၃ လောင်း ဆယ်ယူရရှိပြီးဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024