A d v e r t i s e m e n t With Us

ဂျပန်တပ်က ဒုံးကျည်ကာကွယ်ရေး လေ့ကျင့် (ရုပ်သံ)


ဂျပန်တပ်က ဒုံးကျည်ကာကွယ်ရေး လေ့ကျင့် (ရုပ်သံ) ဂျပန်နိုင်ငံ လေကြောင်းရန် အလိုအလျောက် ကာကွယ်ရေးတပ်ဖွဲ့က ဇွန် ၂၁ ရက်နေ့မှာ ဒုံးကျည်ကာကွယ်ရေး လေ့ကျင့်ခန်းတခု ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလေ့ကျင့်ခန်းမှာ တပ်ဖွဲ့ဝင်တွေက ပီအေစီသရီး ဒုံးခွင်းဒုံးတွေနဲ့ တခြားဆက်စပ်နေတဲ့ စစ်သုံးလက်နက်ကိရိယာတွေကို တပ်ဆင်အသုံးပြု လေ့ကျင့်ခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ အရှိန်မြင့်လာနေတဲ့ မြောက်ကိုရီးယားရဲ့ ဒုံးကျည်ရန်ခြိမ်းခြောက်မှုအတွက် ကြိုတင်ကာကွယ်မှု ဖြစ်တယ်လို့ ပြောပါတယ်။ အခု လေ့ကျင့်ခန်းဟာ ရေဒါတပ်ဆင်မှုနဲ့ အခြားစစ်လက်နက်ပစ္စည်းတပ်ဆင် အသုံးပြုပုံတွေကို မီဒီယာတွေရှေ့မှာ ပြသခဲ့တာကြောင့် ရှားရှားပါးပါး လေ့ကျင့်ခန်းတခုလို့ ပြောရမှာပါ။ အခုလို လူအများကို ပြသခဲ့ခြင်းကြောင့် ဂျပန်နိုင်ငံသားတွေဟာ လုံခြုံမှုကို ခံစားရနိုင်မယ်လို့ ဂျပန်နိုင်ငံ လေကြောင်းရန်အလိုအလျောက် ကာကွယ်ရေးတပ်ဖွဲ့က မျှော်လင့်ထားပါတယ်။ ကုလသမဂ္ဂရဲ့ စည်းကမ်းတွေကို ဖောက်ဖျက်ရာရောက်တဲ့ မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်မှုတွေကို ဂျပန်က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ ဂျပန် အစိုးရက အခုနှစ်ရဲ့ အစောပိုင်းမှာ အရေးပေါ်အခြေအနေတွေကို တုံ့ပြန်နိုင်ဖို့ ကယ်ဆယ်ရေးလေ့ကျင့်ခန်းတွေ ဆောင်ရွက်ဖို့အတွက် စည်ပင်သာယာရေးအဖွဲ့အစည်းတွေကို ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up