Home
မြန်မာသတင်း
ကျွမ်းကျင်​ အိမ်အကူ​လုပ်​သားများ ပြည်​ပသို့ တရားဝင်​သွား​ရောက်​နိုင်ရန် စီစဉ်​​နေ
အောင်ဆန်းဦး
·
June 21, 2017
မြန်မာအလုပ်သမားတွေ ကျွမ်းကျင်အိမ်အကူလုပ်သားအဖြစ်နဲ့ ပြည်ပနိုင်ငံတွေကို တရားဝင်သွားရောက် လုပ်ကိုင်နိုင်အောင် စီစဉ်နေတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။ ဒီကနေ့ ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေးမှာ ကိုယ်စားလှယ်တွေမေးမြန်းတဲ့ အလုပ်သမားနဲ့ဆိုင်တဲ့ မေးခွန်းတွေ ဖြေဆိုမှုအပြီးမှာ ဒီဗွီဘီရဲ့  မေးမြန်းချက်ကို  ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြန်လည်ဖြေဆိုခဲ့တာပါ။ “လက်ရှိထိုင်းနိုင်ငံမှာရော၊ စင်္ကာပူနိုင်ငံမှာရော တရားမဝင်သွားရောက်တဲ့ ပြည်သူတွေ ရှိတယ်။ နံပါတ် ၁ ကတော့ အိမ်အကူလုပ်သားတွေကို တရားမဝင် ဖြစ်နေတဲ့ အခြေအနေတွေကို စာရင်းကောက်ယူပြီးမှာ တရားဝင်ဖြစ်အောင် ဆောင်ရွက်ပေးမယ်။ ပြီးတော့မှ ကျွမ်းကျင် လုပ်သားတွေအဖြစ် သင်တန်းတွေပေးပြီးတော့မှ ရှေ့ဆက်စေလွှတ်ဖို့ကိုလည်းပဲ စဉ်းစားပြီးတော့ အစိုးရအဖွဲ့ဝန်ကြီးဌာနတွေ စီစဉ်ဆောင်ရွက်နေပါတယ်။ လောလောဆယ် နိုင်ငံခြားကို တရားမဝင် ရောက်ရှိနေတဲ့ ကိစ္စတွေကိုလည်း စာရင်းကောက်ယူဖို့ ကိစ္စတွေကို ဆောင်ရွက်နေပါတယ်။” မြန်မာနိုင်ငံကနေ အိမ်အကူလုပ်သားတွေအဖြစ် ထိုင်း၊ ဟောင်ကောင်နဲ့ စင်ကာပူ နိုင်ငံတို့ကို တရားမဝင် လမ်းကြောင်းကနေ အများဆုံး သွားရောက် အလုပ်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁၂ရက်ကတော့ စင်ကာပူနိုင်ငံမှာ အိမ်အကူအဖြစ် အလုပ်လုပ်နေတဲ့ မြန်မာ အမျိုးသမီးတဦး  ၁၉ ထပ်တိုက်ပေါ်ကနေ ခုန်ချအဆုံးစီရင်သွားခဲ့ပါတယ်။ မြန်မာအိမ်အကူ ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ တရားမဝင်လမ်းကြောင်းကနေ သွားရောက်လုပ်ကိုင်နေတဲ့အတွက် ဖိနှိပ်ခံရပါက မြန်မာအစိုးရအနေနဲ့ ဥပဒေအရ တရားဝင် အကူညီပေးဖို့ ခက်ခဲတယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024