A d v e r t i s e m e n t With Us

ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ဆာလက်ခ်ျကို လီဗာပူး ခေါ်ယူ

လီဗာပူးအသင်းကခေါ်ယူဖို့ သဘောတူညီမှုရထားတဲ့ ရိုးမားကစားသမား ဆာလက်ခ်ျဟာ ဇွန်လ ၂၂ ရက်နေ့မှာ ဆေးစစ်မှုခံယူပြီး တရားဝင်စာချုပ် ချုပ်ဆိုတော့မှာပါ။ အသက် ၂၅ နှစ်ရှိ အီဂျစ်လက်ရွေးစင် ဆာလက်ခ်ျအတွက် လီဗာပူးအသင်းက ပေါင် ၃၉ သန်း ပေးချေရမှာဖြစ်ပါတယ်။ ဒီပြောင်းရွှေ့ကြေးပမာဏဟာ ၂၀၁၁ ခုနှစ်က အင်ဒီကာရိုးကို ပေါင် ၃၅ သန်းနဲ့ ခေါ်ယူတဲ့ စံချိန်ကို ချိုးဖျက်ပြီး လီဗာပူးအသင်းသမိုင်းတလျှောက် ကစားသမားတဦးအတွက် ပြောင်းရွှေ့ကြေး အများဆုံးပေးချေရတဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ပါတယ်။ မိုဟာမက်ဆာလက်ခ်ျကို ၂၀၁၄ ခုနှစ်ကတည်းက လီဗာပူးအသင်းကခေါ်ယူဖို့ ချိတ်ဆက်ခဲ့ပေမယ့် ချဲလ်ဆီးအသင်းဆီ ပြောင်းရွှေ့ခဲ့တာပါ။ ချဲလ်ဆီးအသင်းမှာ ပွဲထွက်ခွင့်မရတဲ့ ဆာလက်ခ်ျဟာ ဖီအိုရင်တီးနားနဲ့ ရိုးမားအသင်းတွေမှာ အငှားသွားရောက်ကစားခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ကမှ ရိုးမားအသင်းက  ပေါင် ၁၅ သန်းလောက်နဲ့ အပြီးသတ်ခေါ်ယူခဲ့တာပါ။ ဆာလက်ခ်ျဟာ ပြီးခဲ့တဲ့ရာသီက ရိုးမားအသင်းအတွက် စုစုပေါင်း ၄၁ ပွဲကစားပြီး ၁၉ ဂိုး သွင်းခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up