မိုင် ၁၀၀၀ ကျော် ခရီးရှည်လမ်းလျှောက်သူ နေပြည်တော်ရောက်ရှိ
အောင်ကိုကိုလတ် (နေပြည်တော်)
·
June 21, 2017
ပြင်ဦးလွင်ကနေ ရန်ကုန်အထိ အသွားအပြန် မိုင် ၁၀၀၀ ကျော်ခရီးကို တကိုယ်တော် လမ်းလျှောက်ခဲ့သူ ကိုကျော်ကျော်ဝင်းဟာ ဇွန် ၂၁ ရက်နေ့မနက်ပိုင်းက နေပြည်တော်ကောင်စီ၊ ဇေယျာသီရိမြို့နယ်ကို ရောက်ရှိလာပါတယ်။
ကိုကျော်ကျော်ဝင်းဟာ ၂၉ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ကြိုဆိုခြင်း၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး ဝိုင်းဝန်းဆောင်ရွက်ကြဖို့ နှိုးဆော်ခြင်းနဲ့ လူငယ်တွေအကြား မူးယစ်ဆေးဝါးကင်းစင်ရေးကို ရည်ရွယ်ပြီး လမ်းလျှောက်လှုံ့ဆော်နေတာ ဖြစ်ပါတယ်။
ပြင်ဦးလွင်ကနေ ဇွန် ၁၂ ရက်က စထွက်ခဲ့တာဖြစ်ပြီး ပုသိမ်ကြီး၊ မန္တလေး၊ တံတားဦး၊ စဥ့်ကိုင်၊ ကျောက်ဆည်၊ မြစ်သား၊ ကူမဲ၊ မိတ္ထီလာ၊ ပျော်ဘွယ်၊ ရမည်းသင်းမြို့တွေကို ဖြတ်သန်းပြီး နေပြည်တော် နယ်နိမိတ်အတွင်း တပ်ကုန်းမြို့ကို ဇွန် ၂၀ ရက်က ရောက်ရှိခဲ့တာပါ။