Live
Home
ရုပျသံ
ဗိုလ်အောင်ဒင်သီချင်းနှင့် အင်္ဂလိပ်စာသင်သည့် ကျောင်းဆရာ (ရုပ်သံ)
DVB
·
June 21, 2017
ကျောင်းသူကျောင်းသားတွေကို အင်္ဂလိပ်သဒ္ဒါ သင်ကြားပို့ချရာမှာ နာမည်ကျော် ဗိုလ်အောင်ဒင်သီချင်းအလိုက်နဲ့ သင်ကြားပေးနေတဲ့ရုပ်သံ လူမှုကွန်ရက်မှာ ရေပန်းစားနေပါတယ်။ Ving ပြောင်းနည်းကို ကလေးတွေ အလွယ်မှတ်မိ လေ့ကျင့်နိုင်ဖို့ ဗိုလ်အောင်ဒင်သီချင်းကို အလိုက်ယူထားပြီး နမူနာဝါကျတွေနဲ့ သီချင်းစာသား ဖန်တီးထားတာ ဖြစ်ပါတယ်။ “ဆရာက စာကိုသင်၊ နင်တို့ စာမသင်ချင်၊ ဒီသီချင်းနဲ့ ဆက်လို့သွားမယ်၊ မင်းတို့တွေကြိုက်ကြမယ်၊ Vingပါကွဲ့ Sentence ကစပါတယ်” အစရှိပြီး သီဆိုထားတဲ့ ဒီရုပ်သံကို ဦးဆောင်းသခင်ရဲ့ ဖေ့စ်ဘွတ်ခ်မှာ တင်ထားတာဖြစ်ပြီး ဒီပို့စ်ကို Share လုပ်သူပေါင်း ၁၀၇၀ ကျော် ရှိနေပြီဖြစ်ပါတယ်။ ရုပ်သံ၊ ဓာတ်ပုံ - ဦးဆောင်းသခင်ဖေ့စ်ဘွတ်ခ်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024