A d v e r t i s e m e n t With Us

အစ္စရေးစစ်သားကို ရန်ပြုရန်ကြိုးစားသည့် ပါလက်စတိုင်းတဦးကို အသေပစ်ခတ်

ဓာတ်ပုံ - ရိုက်တာ
အစ္စရေးစစ်သားကို ရန်ပြုဖို့ကြိုးစားတဲ့ ပါလက်စတိုင်းတဦးကို အသေပစ်ခတ်လိုက်ပါတယ်။ အစ္စရေးတို့ သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းမှာ ဇွန်လ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့တာပါ။ အစ္စရေးနိုင်ငံမှာ ၂၀၁၅ ခုနှစ်က စပြီးတော့ ပါလက်စတိုင်းတွေရဲ့ လမ်းပေါ်တိုက်ခိုက်မှုတွေ တိုးလာခဲ့ပေမယ့် ပြီးခဲ့တဲ့လပိုင်းတွေမှာတော့ တိုက်ခိုက်မှုတွေ လျော့နည်းသွားပါတယ်။ လမ်းပေါ်တိုက်ခိုက်တာတွေ စလုပ်တဲ့အချိန်ကစပြီး အခုချိန်ထိ အနည်းဆုံး လူ ၂၅၃ ဦး သေဆုံးခဲ့ရပြီးဖြစ်ပါတယ်။ အဲဒီသေဆုံးသူတွေထဲက ၁၇၁ ဦးဟာ လမ်းပေါ်တိုက်ခိုက်မှု ပြုလုပ်သူတွေဖြစ်ပြီး ကျန်လူတွေကတော့ ဆန္ဒပြရင်း ရုန်းရင်းဆန်ခတ်မှုကြောင့် သေဆုံးတာဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up