Home
မြန်မာသတင်း
မုံရွာတွင် မူးယစ်ဆေးဝါးများ ထပ်မံသိမ်းဆည်းရမိ
Aung Ko Latt
·
June 21, 2017
မုံရွာမြို့ နယ်မြေရဲစခန်းအပိုင်၊ ထန်းတောနဲ့ နန္ဒဝန်ရပ်ကွက်တွေအတွင်းမှာ ဇွန်လ ၁၉ ရက်နေ့က သိမ်းဆည်းရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေထဲက ကျန်ရှိနေသေးတဲ့ မူးယစ်ဆေးဝါးအချို့ကို  နန္ဒဝန်ရပ်ကွက်အတွင်းမှာ ထပ်မံသိမ်းဆည်းရမိခဲ့ပါတယ်။ တာဝန်သိပြည်သူတွေရဲ့ သတင်းပေးချက်အရ ဇွန်လ ၂၀ ရက်နေ့ ည ၇ နာရီလောက်က  နန္ဒဝန်ရပ်ကွက်၊ နယ်မြေ ၄၊ ပခုက္ကူ ဓမ္မာရုံကျောင်းရှေ့၊ ထန်းတပင်လမ်းသွယ်ဘေးဝင်း ကွက်လပ် ဆူးချုံတောအတွင်းမှာ ပလတ်စတစ်အဖြူရောင်အတွင်း ထည့်ထားတဲ့ ဘိန်းဖြူလို့ ယူဆရတဲ့ ဖြူဝါကျားအထုပ်ငယ် ၁၂ ထုပ် စုစုပေါင်းအလေးချိန် ၁၃၄ ဂရမ်ခန့်၊ ကာလပေါက်ဈေး ၁၃၄ သိန်းခန့်ကို သိမ်းဆည်းရမိခဲ့ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ယူဆချက်အရ နောက်ဆုံးရမိတာ အပါအဝင် ပီနံအိတ်ကြီး နံပါတ်စဉ် ၁ ကနေ ၁၈ အထိ သိမ်းဆည်းရမိထားပါတယ်။ နံပါတ်စဉ် ၁၁ အိတ်က ပြန့်ကျဲေနပြီး ၁ ပါကင်ကို ၁၁ ထုပ်ပါ ၂ ပါကင်၊ ပေါင်း ၂၂ ထုပ် သိမ်းဆည်းဖို့ ကျန်နေသေးတယ်လို့ ဆိုပါတယ်။ ကျန်ရှိနေသေးတဲ့ အထုပ်တွေနဲ့ပတ်သက်ပြီး မသိလို့ ယူထားမိသည် ဖြစ်စေ၊ သိလို့ဖြစ်စေ၊ တွေ့မြင်ကြားသိပါက သက်ဆိုင်ရာကို အမြန်ဆုံး ဆက်သွယ်အကြောင်းကြား အပ်နှံကြဖို့ လက်ဝယ်ရှိသူတွေအနေနဲ့ အချိန်မီ မအပ်နှံပါက တရားဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း နယ်မြေရဲစခန်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကတဆင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွကို သတင်းဖြန့်ဝေတာတွေ ပြုလုပ်ထားတယ်လို့ ရဲအုပ်ရဲအောင်က ဒီဗွီဘီကို ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မုံရွာနယ်မြေရဲစခန်းက မယ(ပ)၅/၁၇၊ မူး/စိတ်ပုဒ်မ ၁၉(က)အရ အမှုဖွင့်အရေးယူထားပြီး တရားခံအမြန်ဆုံး စုံစမ်းဖော်ထုတ် ဖမ်းဆီးနိုင်ရေး ဆောင်ရွက်နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024