Live
Home
မြန်မာသတင်း
မြန်မာကာချုပ်နှင့် ရုရှားကာကွယ်ရေးဝန်ကြီး တွေ့ဆုံ၊ လုံခြုံရေးပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး
DVB
·
June 21, 2017
ရုရှားနိုင်ငံမှာ ချစ်ကြည်ရေးခရီးရောက်ရှိနေတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့  ရုရှားကာကွယ်ရေးဝန်ကြီး Army General Sergey K. Shoiguတို့ တွေ့ဆုံပြီး နှစ်နိုင်ငံတပ်မတော်အကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနဲ့  လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို  ရုရှားကာကွယ်ရေးဝန်ကြီးက ဇွန် ၂၀ရက် မနက်က  ဂုဏ်ပြုတပ်ဖွဲ့နဲ့  ကြိုဆိုပြီး တွေ့ဆုံဆွေးနွေးခဲ့တာလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပါတယ်။ တွေ့ဆုံရာမှာ စစ်ဘက်ဆိုင်ရာ ဆေးပညာသင်တန်းတွေ စေလွှတ်ရေး၊ စစ်ဘက် အားကစားပြိုင်ပွဲတွေ စေလွှတ်ယှဉ်ပြိုင်ရေး၊ အာဆီယံအပေါင်း ရုရှား ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ နှစ်နိုင်ငံတပ်မတော် ရေတပ်စစ်ရေယာဉ်များ အပြန်အလှန် ဆိုက်ကပ်ရေး၊ နှစ်နိုင်ငံ အဆင့်မြင့်အရာရှိကြီးတွေ အပြန်အလှန် လည်ပတ်ရေးနဲ့ ပညာတော်သင် အရာရှိသင်တန်းသားတွေ တိုးချဲ့စေလွှတ်ရေးတို့ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီးက Y-8 လေယာဉ် မတော်တဆပျက်ကျပြီး တပ်မတော်သား အရာရှိ၊ စစ်သည်မိသားစုတွေ အသက်ဆုံးရှုံးရမှုအပေါ် ဝမ်းနည်းကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024