A d v e r t i s e m e n t With Us

ရီးရဲလ်တွင် နည်းပြလုပ်စဉ် အခွန်ပေးရန် ပျက်ကွက်ခဲ့ဟု မော်ရင်ဟို စွပ်စွဲခံရ

ဓာတ်ပုံ - ရိုက်တာ
မန်ယူနည်းပြ မော်ရင်ဟိုကို ရီးရဲလ်မက်ဒရစ်မှာ နည်းပြလုပ်ခဲ့စဉ်က အခွန်ငွေပေးဖို့ ပျက်ကွက်ခဲ့တယ်ဆိုပြီး စပိန်တာဝန်ရှိသူတွေက ဇွန်လ ၂၀ ရက်နေ့မှာ စွပ်စွဲလိုက်ပါတယ်။ ရီးရဲလ်အသင်းနည်းပြတာဝန်ယူခဲ့တဲ့ ၂၀၁၀ ကနေ ၂၀၁၃ အတွင်း ပေါင် ၃ သန်းလောက်  အခွန်ရှောင်ခဲ့တယ်လို့ စွပ်စွဲထားပြီး တရားသူကြီးရဲ့ ဆုံးဖြတ်ချက်ကို ခံရတော့မှာ ဖြစ်ပါတယ်။ မော်ရင်ဟိုအနေနဲ့တော့ အခုစွပ်စွဲချက်အပေါ် တုံ့ပြန်တာ မရှိသေးပါဘူး။ ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့ကလည်း ရီးရဲလ်တိုက်စစ်မှူး စီရော်နယ်ဒိုဟာ ၂၀၁၁ ကနေ ၂၀၁၄ အတွင်း အခွန် ပေါင် ၁၃ သန်း တိမ်းရှောင်ခဲ့တယ်လို့ မက်ဒရစ်မြို့ အာဏာပိုင်တွေက စွပ်စွဲခဲ့ပါတယ်။ စီရော်နယ်ဒိုအနေနဲ့ စွပ်စွဲချက်ကို ငြင်းဆန်ထားပြီး အခွန်ရှောင်တိမ်းတယ်လို့ စွပ်စွဲခံရမှုကြောင့် ရီးရဲလ်မက်ဒရစ်အသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ်မက်ဆီလည်း အခွန်ရှောင်မှုနဲ့ ဆိုင်းငံ့ထောင်ဒဏ် ၂၁ လ ပြစ်ဒဏ်ချမှတ်တာ ခံထားရပါတယ်။

A d v e r t i s e m e n t With Us

More News
Up