A d v e r t i s e m e n t With Us

မက်ဂရီဂေါ်သည် သန်မာတောင့်တင်းသည့် ပြိုင်ဘက်တဦးဖြစ်ဟု မေဝယ်လ်သာပြော (ရုပ်သံ)

နာမည်ကြီး UFC လက်ဝှေ့သမား မက်ဂရီဂေါ်ဟာ သန်မာတောင့်တင်းတဲ့ ပြိုင်ဘက်တဦးဖြစ်တယ်လို့ ကမ္ဘာ့ဟဲဗီးဝတ်ချန်ပီယံ မေဝယ်လ်သာက ပြောကြားလိုက်ပါတယ်။ ကမ္ဘာ့လက်ဝှေ့လောကမှာ ရှုံးပွဲမရှိသေးတဲ့ မေလ်ဝယ်သာနဲ့ MMA လို့ခေါ်တဲ့ ကိုယ်ခံပညာပေါင်းစုံ တိုက်ခိုက်မှုပြိုင်ပွဲ ကမ္ဘာ့ချန်ပီယံ မက်ဂရီဂေါ်တို့ဟာ လာမယ့်သြဂုတ် ၂၆ ရက်မှာ ထိုးသတ်ကြမှာပါ။ အသက် ၄၀ ရှိ မေဝယ်လ်သာဟာ ၄၉ ပွဲဆက် ရှုံးပွဲမရှိနဲ့ ကမ္ဘာ့ချန်ပီယံ ရရှိထားသူဖြစ်ပြီး အသက် ၂၈ နှစ်ရှိ အိုင်ယာလန်နိုင်ငံသား မက်ဂရီဂေါ်ကတော့ ၂၁ ပွဲနိုင် ၃ ပွဲ ရှုံးနိမ့်ထားပါတယ်။ သူတို့ ၂ ယောက်ရဲ့ ထိုးသတ်ကြေးဟာ အမေရိကန်ဒေါ်လာ သန်း ၁၈၀ နီးပါးရှိမယ်လို့ ခန့်မှန်းရပြီးတော့ လက်စ်ဗီးဂတ်စ်မြို့မှာရှိတဲ့ T-Mobile ကွင်းကြီးမှာ ထိုးသတ်သွားကြမှာပဲ ဖြစ်ပါတယ်။ ဒီပွဲဟာ ကမ္ဘာ့အကောင်းဆုံးလက်ဝှေ့ပွဲ ဖြစ်လာနိုင်ပြီး မက်ဂရီဂေါ်အနေနဲ့ ကမ္ဘာ့ချန်ပီယံဖြစ်လာနိုင်တဲ့ အခွင့်အရေးဖြစ်တယ်လို့ UFC ဥက္ကဋ္ဌ ဒန်နာဝှိုက်က ပြောဆိုထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up