A d v e r t i s e m e n t With Us

အလိုအလျောက် မောင်းနှင်နိုင်သည့်လေယာဉ်များ ဖန်တီးရန် ဘိုးရင်းကုမ္ပဏီ စီစဉ်နေ

အလိုအလျောက် မောင်းနှင်နိုင်တဲ့ ကားတွေရဲ့ စွမ်းဆောင်ရည်ဟာ တဖြည်းဖြည်း တိုးတက်လာပြီး အမှန်တကယ် လူမပါဘဲ မောင်းနှင်နိုင်တဲ့ အခြေအနေထိ ရောက်လာနေပြီ ဖြစ်သလို လေယာဉ်ကုမ္ပဏီ ဘိုးရင်းကလည်း အလိုအလျောက် မောင်းနှင်နိုင်တဲ့ လေယာဉ်တွေ ဖန်တီးဖို့ စီစဉ်နေပါတယ်။ ကမ္ဘာ့အကြီးဆုံး လေယာဉ်ကုမ္ပဏီက တကမ္ဘာလုံးမှာ လေယာဉ်ခရီးစဉ်လိုအပ်ချက် မြင့်တက်လာမှုနဲ့ လေယာဉ်မှူးတွေ လိုအပ်ချက် မြင့်တက်လာမှုကြောင့် အခုအစီအစဉ် ဖြစ်လာရတာလို့ ပြောပါတယ်။ ဘိုးရင်းကုမ္ပဏီရဲ့ ထုတ်လုပ်မှုဖွံ့ဖြိုးရေး ဒု-ဥက္ကဋ္ဌက “ကျေန်ာတို့တွက်ကြည့်တော့ နောက်ထပ် အနှစ် ၂၀ မှာ ခရီးသည်တင် ဂျက်လေယာဉ်ပေါင်း ၄ သောင်း ၁ ထောင်လောက် လိုလာမယ်။ အဲဒီတော့ ကျေန်ာတို့ ပိုင်းလော့ပေါင်း ၆ သိန်း၊ ၁ သောင်းနဲ့ ၇ ထောင် လိုမယ်ဆိုတဲ့ သဘောပဲ။ ဒါဟာ တော်တော်များတဲ့ ပမာဏပါ။ အဲဒီတော့ ကျေန်ာတို့က အလိုအလျောက်စနစ်တွေသုံးပြီး ဒီပြဿနာကို ဖြေရှင်းကြမယ်။ ဥပမာ ပိုင်းလော့ ၅ ယောက်နဲ့ မောင်းရတဲ့ ခရီးရှည်တွေကို ၃ ယောက်လောက် ဖြစ်သွားတာမျိုး၊ ပိုင်းလော့ ၂ ယောက်နဲ့ မောင်းတဲ့ ခရီးကို ၁ ယောက်တည်းနဲ့ သွားလို့ရတဲ့ အခြေအနေ ပြောင်းလိုက်တာမျိုးတွေ ဖြစ်လာမယ်” လို့ ပြောပါတယ်။ အခုချိန်မှာ လေယာဉ်ပျံတွေဟာ အလိုအလျောက် ပျံတက်တာတွေ၊ လေထဲမှာ ပျံသန်းနေတာတွေနဲ့ ဆင်းသက်တာတွေကို လေယာဉ်မှာပါတဲ့ ကွန်ပျူတာတွေက ဆောင်ရွက်နိုင်နေပြီ ဖြစ်ပါတယ်။ ဘိုးရင်းက စမ်းသပ်နေတဲ့ နည်းပညာသစ်ဟာ လေယာဉ်ပျံ ပျံသန်းနေတဲ့ပုံစံ ဖန်တီးပြီး ကွန်ပျူတာတွေကနေ ပိုင်းလော့တွေလို အခြေအနေအရ ဆုံးဖြတ်ချက်ချတာတွေကို စမ်းသပ်ကြမှာ ဖြစ်ပါတယ်။ တကယ်လို့ ပျံသန်းပုံအတု ဖန်တီးစမ်းသပ်ရာမှာ အောင်မြင်ခဲ့ရင် ၂၀၁၈ ခုနှစ်မှာ အဲဒီနည်းပညာကို တကယ့်လေယာဉ်ပျံ အစစ်တွေမှာ စတင်စမ်းသပ်ကြမယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up