ပခုက္ကူမြို့တွင် တိုက်တလုံး ဖြိုဖျက်ရာမှ ၀ရန်တာပြိုကျ၊ ၂ ဦး ဒဏ်ရာရ
DVB
·
June 20, 2017
ပခုက္ကူမြို့အမှတ် ၈ ပန်းစွာလမ်းမှာ ဒီနေ့ နေ့လယ် ၂ နာရီခွဲလောက်က တိုက်တလုံး ဖြိုဖျက်နေရာကနေ ရုတ်တရက် ဝရန်တာတခုလုံး ပြိုကျခဲ့ပြီး အမျိုးသမီးတဦးနဲ့ အမျိုးသားတဦးတို့ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
အမျိုးသမီးကတော့ ပြိုကျခဲ့တဲ့ အုတ်အကျိုးအပဲ့တွေကြားက ကယ်ထုတ်ခဲ့ရပြီး နှစ်ဦးစလုံး ပခုက္ကူပြည်သူ့ဆေးရုံကြီးကို အရေးပေါ်ပို့ဆောင်ခဲ့ရတယ်လို့ ကူညီပို့ဆောင်ခဲ့တဲ့ ကယ်ရီမောင် လူမှုကူညီရေးအသင်းက ပြောပါတယ်။