A d v e r t i s e m e n t With Us

ပြင်သစ်တွင် ဖောက်ခွဲရေးပစ္စည်းတင်ထားသည့် ကားတစီးက ရဲကားကိုဝင်တိုက် (ရုပ်သံ)

ပြင်သစ်နိုင်ငံမြို့တော် ပါရီက ရှမ့် အဲလီဇေ ရိပ်သာလမ်းပေါ်မှာ ဖောက်ခွဲရေးပစ္စည်းတွေ၊ လက်နက်တွေ တင်ထားတဲ့ ဗင်ကားတစီးက ရဲကားတစီးကို ဇွန်လ ၁၉ ရက်နေ့မှာ အတင်းဝင်တိုက်ခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။ ဝင်တိုက်တဲ့ ကားမောင်းသူက အခင်းဖြစ် နေရာမှာတင် သေဆုံးခဲ့ပြီး အခြေအနေကို ထိန်းချုပ်ထားနိုင်ခဲ့တယ်၊ အတိုက်ခံရတဲ့ ရဲတွေရော လမ်းသွားလမ်းလာတွေပါ ဒဏ်ရာရသူ မရှိဘူးလို့လည်း ပြောပါတယ်။ ရဲကားတွေရဲ့ယာဉ်တန်းကို ကျော်တက်ပြီး ဝင်တိုက်ခဲ့တာလို့ ရဲပြောခွင့်ရက ပြောပါတယ်။ မျက်မြင်သက်သေတယောက်က အင်တာနက်ပေါ်တင်ခဲ့တဲ့ ရုပ်သံထဲမှာ ကားဆီက လိမ္မော်ရောင်မီးခိုးတွေ ထွက်နေတာကို ပြထားပါတယ်။ အများပြည်သူတွေ အခင်းဖြစ်နေရာကို ရှောင်ရှားကြဖို့ ရဲက တွစ်တာ လူမှုကွန်ရက်ကနေ အကြံပြုထားပါတယ်။ ပြင်သစ်နိုင်ငံမှာ လတ်တလောလတွေအတွင်း စစ်သွေးကြွတိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ခဲ့လို့ လုံခြုံရေးကို အမြင့်ဆုံး တပ်လှန့်ထားတာပါ။ ဧပြီလကလည်း ဒီလမ်းထဲမှာပဲ ရဲဘတ်စ်ကားတစီးကို အစ္စလာမ္မစ်နိုင်ငံ အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေက တိုက်ခိုက်ခဲ့ပါသေးတယ်။ သမ္မတနန်းတော်နဲ့ အမေရိကန်သံရုံးအနီး လမ်းလျှောက်နိုင်တဲ့ အကွာအဝေးမှာ ဖြစ်ခဲ့တဲ့ ဒီမတော်တဆမှုအတွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့တယ်လို့ အစိုးရရှေ့နေရုံး အကြမ်းဖက်မှု နှိမ်နင်းရေးဌာနက ပြောပါတယ်။ ကားမောင်းပြီး အတင်းဝင်တိုက်သူ ဘာကြောင့် သေဆုံးတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

A d v e r t i s e m e n t With Us

More News
Up