A d v e r t i s e m e n t With Us

ရန်ကုန် ​ရွှေလုပ်ငန်း​ရှင်များ​ စာရွက်စာတမ်း​ဖြင့်​သာ အ​ရောင်း​အဝယ်လုပ်

ရန်ကုန်တိုင်း​ ​ဒေသကြီး​ရှိ ​ရွှေလုပ်ငန်း​ရှင်​တွေ ​ရွှေ​ရောင်း​ဝယ်ကြတဲ့​အခါ စာရွက်စာတမ်း​ဖြင့်​ ​ပြောင်း​လဲ ​ရောင်း​ဝယ်​နေကြပြီလို့​ မြန်မာနိုင်ငံ ​ရွှေလုပ်ငန်း​ရှင်များ​အသင်း​ အတွင်း​ရေး​မှူး​ ဦး​ကျော်ဝင်း​က ​ပြောပါတယ်။ ​ရွှေလုပ်ငန်း​ရှင်အချင်း​ချင်း​ အရင်က နှုတ်ကတိနဲ့​ ​ရောင်း​ဝယ်ရာက​နေ စာရွက်စာတမ်း​နဲ့​ ​ပြောင်း​လဲကျင့်​သုံး​တာဖြစ်ပြီး​ CCTV ကင်မရာနဲ့​လည်း​ မှတ်တမ်း​တင် တပ်ဆင်ထား​ပါတယ်။ မနှစ်က ​ဖေ​ဖော်ဝါရီ အစိုး​ရသစ်မတက်ခင်က အ​ခေါက်​ရွှေ တကျပ်သား​ဈေး​ဟာ ​ခြောက်သိန်း​သုံး​သောင်း​ကျပ် ရှိရာက တနှစ်အကြာ အခုလဆန်း​မှာ ခုနှစ်သိန်း​သုံး​သောင်း​ကျော်ကို တက်ခဲ့​တာ​ကြောင့်​ တကျပ်သား​ကို ကျပ်တသိန်း​ဝန်း​ကျင် ​ဈေး​တက်ခဲ့​ပါတယ်။ ဒါနဲ့​ပတ်သက်လို့​ မြန်မာနိုင်ငံ ​ရွှေလုပ်ငန်း​ရှင်များ​အသင်း​ အတွင်း​ရေး​မှူး​ ဦး​ကျော်ဝင်း​က ကမ္ဘာ့​ရွှေ​ဈေး​လည်း​ တက်တဲ့​အ​ပေါ် မူတည်​နေတယ်လို့​ ​ဖြေပါတယ်။ မြန်မာ့​ရွှေ​ဈေး​ဟာ လွန်ခဲ့​တဲ့​ တလအတွင်း​ ကျပ်​ငွေသုံး​သောင်း​ကျော် တရိပ်ရိပ် တက်လာတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ​ရွှေလုပ်ငန်း​ရှင်များ​အသင်း​ အတွင်း​ရေး​မှူး​ ဦး​ကျော်ဝင်း​ကို ဆက်သွယ် ​မေး​မြန်း​ထား​ပါတယ်။ ​ရွှေလုပ်ငန်း​ရှင်များ​အသင်း​ က​နေပြီး​တော့​ စာချုပ်စာတမ်း​နဲ့​ပဲ ​ရောင်း​တဲ့​ အစီအစဉ်ကို ဒီ​နေ့​ စတယ်ဆို ဟုတ်လား​။ “မဟုတ်ပါဘူး​ အ​ရောင်း​အဝယ်ဖြတ်ပိုင်း​နဲ့​ လုပ်တာပါ။” ဘာဖြစ်လို့​ လုပ်တာပါလဲ။ “အဲဒါက​တော့​ အ​ရောင်း​အဝယ်လုပ်တဲ့​အခါမှာ ပိုပြီး​ ​သေချာ​အောင် လုပ်တဲ့​သ​ဘောပါ။” အရင်တုန်း​က ဆိုလို့​ရှိရင် ​လေအ​ရောင်း​အဝယ်နဲ့​ဆို​တော့​ ပြဿနာတချို့​ တတ်ခဲ့​ဖူး​တယ်ဆိုတာ ဟုတ်လား​။ “ဒါက​တော့​ ရှိပါတယ်။ အရင်တုန်း​က​တော့​ နည်း​နည်း​ပါး​ပါး​တော့​ ရှိပါတယ်။” အခု​လေ ​ရွှေနဲ့​ပတ်သက်လို့​ ဒီလထဲမှာ မနှစ်တုန်း​က ​ဖေ​ဖော်ဝါရီလမှာ ၆ သိန်း​ ၃ ​သောင်း​ က​နေပြီး​တော့​လေ အခု ​ရွှေ​ဈေး​က ၇ သိန်း​ ၃ ​သောင်း​ဆို​တော့​ ၁ သိန်း​လောက် ဘာဖြစ်လို့​ ခုန်တက်သွား​တာလဲ။ ဘာဖြစ်လို့​ ဒီတနှစ်အတွင်း​မှာ တက်သွား​တာလဲ။ “ကမ္ဘာ့​ဈေး​တက်လို့​။” အခု​လော​လောဆယ် ဘယ်​ဈေး​ပေါက်​နေပါသလဲ။ “အခု​လော​လောဆယ် ၇ သိန်း​ ၄ ​သောင်း​လောက်​တော့​ ရှိပါတယ်။” ဂျာနယ်​တွေမှာ ​ရေး​တယ်။ ဒီ ​ဖေ​ဖော်ဝါရီလအတွင်း​မှာ ​ရွှေ​ဈေး​က ၄ ​သောင်း​လောက် ခုန်တက်သွား​တယ်ဆိုတာ ဟုတ်ပါသလား​။ “ဒီလို​တော့​ မဟုတ်ဘူး​ထင်တယ်။ သူ့​ဟာသူ တဖြည်း​ဖြည်း​ ကမ္ဘာ့​ဈေး​တက်လို့​ သူလိုက်တက်တာပါ။” ​ရွှေတ​အောင်စ ကမ္ဘာ့​ဈေး​ကလည်း​ ၁၇၅၀ ​လောက်အထိ ဖြစ်​နေတယ်​နော်။ “အခု ​လော​လောဆယ်က​တော့​ ၁၇၃၁ ​ဒေါ်လာ ဖြစ်​နေတယ်။” အခု​ရွှေ​ဈေး​က ဘယ်အလား​အလာ ရှိပါသလဲ။ “အဲဒါက​တော့​ ကမ္ဘာ့​ဈေး​အ​ပေါ်မှာ မူတည်ပါတယ်။ နိုင်ငံတကာတက်ရင်​တော့​ ဒီမှာ တက်မှာ။ နိုင်ငံတကာ ​ဈေး​ကျရင်လည်း​ ဒီမှာ ကျမှာ။” အခု ​ရွှေနဲ့​ပတ်သက်ပြီး​တော့​ စာချုပ်စာတမ်း​နဲ့​ဆိုတာက ရိုး​ရိုး​တန်း​တန်း​ တကျပ်သား​ နှစ်ကျပ်သား​ သွား​ဝယ်တဲ့​ ဆိုင်​တွေနဲ့​ မဆိုင်ဘူး​နော်။ “မဆိုင်ပါဘူး​ သူက သူတို့​ ဖြတ်ပိုင်း​နဲ့​ ​ရောင်း​တာပါ။ ဖြတ်ပိုင်း​လေး​နဲ့​ အ​ရောင်း​အဝယ် လုပ်တဲ့​သ​ဘော​ပေါ့​။ ​ရောင်း​သူ ဝယ်သူ နှစ်ဦး​သ​ဘောတူတဲ့​ ​ဈေး​နဲ့​ အ​ရောင်း​အဝယ် လုပ်တဲ့​သ​ဘောပါ။” ရိုး​ရိုး​တန်း​တန်း​ရွှေဆိုင်​တွေမှာ လုပ်လို့​ရှိရင်လည်း​ အဲဒီ ဖြတ်ပိုင်း​နဲ့​ပဲလား​။ “ရိုး​ရိုး​ရွှေဆိုင်က​တော့​ သူ့​ ​ဘောက်ချာနဲ့​သူ ပုံမှန်​ရောင်း​နေတယ်။” အခုဟာက ​ရွှေလုပ်ငန်း​ရှင်​တွေ အချင်း​ချင်း​လား​။ “ကျ​နော်တို့​ ရန်ကုန်တိုင်း​အသင်း​တို့​၊​ မန္တ​လေး​တိုင်း​အသင်း​တို့​ အဲဒီလို ဖြစ်မှာပါ။” အခု​လေ ဘယ်နှ​နေရာမှာ အဲဒီအစီအစဉ်လုပ်​နေပါသလဲ။ “အခု​လော​လောဆယ် ရန်ကုန်မှာ​တော့​ လုပ်ပါတယ်။” မန္တ​လေး​မှာ​ရော ....။ “မန္တ​လေး​မှာ ​လော​လောဆယ် သူ့​တို့​ဟာသူတို့​ ​ရောင်း​တော့​လည်း​ အဆင်​ပြေ​နေတယ်ဆို​တော့​ ဒီအစီအစဉ်မစ​သေး​ဘူး​။ ဒါက စမ်း​သပ်တဲ့​သ​ဘောပါ။ ကျ​နော်တို့​ စမ်း​သပ်တဲ့​သ​ဘောပါ။” အခုကျ​နော်တို့​ CCTV ကင်မရာနဲ့​ပါ ရိုက်ထား​တယ်ဆိုပြီး​တော့​တွေ့​လို့​ ဟုတ်ပါသလား​။ “CCTV ကင်မရာက​တော့​ ဒါက​တော့​ အ​ရောင်း​အဝယ်လုပ်​တော့​လည်း​ CCTV ကင်မရာ ရှိ​တော့​ ပို​ကောင်း​တာ​ပေါ့​။” ​ရွှေ​ဈေး​အလား​အလာနဲ့​​ ပတ်သက်လို့​ ဦး​ကျော်ဝင်း​ရဲ့​ အမြင်​လေး​ကို ​နောက်ဆုံး​ ​ပြောပြပါလား။ “အဲဒါက​တော့​ သူ့​ကမ္ဘာ​ဈေး​နဲ့​ပဲ သူ့​ဟာသူ ရှိသွား​မှာ​ပေါ့​လေ။ ကမ္ဘာ့​ဈေး​တက်ရင်​တော့​ နည်း​နည်း​တက်မယ်၊​ ကမ္ဘာ့​ဈေး​ကျရင်​တော့​ ဒီမှာ နည်း​နည်း​ကျမှာပဲ​လေ။”

A d v e r t i s e m e n t With Us

More News
Up