A d v e r t i s e m e n t With Us

ပင်လယ်ဓားပြများကိုနှိမ်နင်းမည့် အင်ဒို၊ ဖိလစ်ပိုင်နှင့် မလေးရှားတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှု (ရုပ်သံ)


ပင်လယ်ဓားပြများကိုနှိမ်နင်းမည့် အင်ဒို၊ ဖိလစ်ပိ... အရှေ့တောင်အာရှ အိမ်နီးချင်း ၃ နိုင်ငံတို့ ပင်လယ်ပြင် ညှိနှိုင်း ကင်းလှည့်စစ်ရေးလေ့ကျင့်နေပါတယ်။ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ မလေးရှားနိုင်ငံတွေက စစ်သင်္ဘောတွေ ဘော်နီယိုကျွန်း မြောက်ပိုင်းက ရေတပ်အခြေစိုက်စခန်းနားမှာ ဇွန်လ ၁၉ ရက်နေ့က စစ်ရေးလေ့ကျင့်နေတာပါ။ ပင်လယ်ဓားပြတွေ၊ သူပုန်တွေ ထူပြောပြီး ဥပဒေစိုးမိုးမှုမရှိတဲ့ ရေပြင်မှာ လုံခြုံရေး တိုးမြှင့်ချထားဖို့ ညှိနှိုင်းကင်းလှည့်မှု စတင်တဲ့အနေနဲ့ ခုလို လေ့ကျင့်တာ ဖြစ်ပါတယ်။ ရဟတ်ယာဉ်တွေနဲ့ ကင်းထောက်လေယာဉ်တွေလည်း ပါဝင်လေ့ကျင့်ပါတယ်။ ၃ နိုင်ငံက စစ်တပ်အကြီးအကဲတွေနဲ့ ကာကွယ်ရေးဝန်ကြီးတွေလည်း ဒီပွဲကို တက်ရောက်ပါတယ်။ ဖိလစ်ပိုင်တောင်ပိုင်းက မာရာဝီမြို့ကို အစ္စလာမ္မစ် စစ်သွေးကြွတွေက သိမ်းအပြီး ဒေသတွင်းလုံခြုံရေးကို အရေးပေါ်အဆင့် တိုးမြှင့်ခဲ့တာပါ။ ဒေသခံ သူပုန်အုပ်စုတွေထဲက တချို့လူတွေဟာ အစ္စလာမ္မစ်နိုင်ငံအမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေရဲ့ သစ္စာခံအဖြစ် ကတိပြုထားသူတွေဖြစ်တယ်၊ သီတင်းပတ် လေးပတ်ကြာတဲ့ မာရာဝီမြို့ တိုက်ပွဲအတွင်း နိုင်ငံခြား တိုက်ခိုက်ရေးသမား တချို့ဟာ ဘေးကင်းရာ ရွှေ့ပြောင်းပေးလိုက်တဲ့ ဒေသခံတချို့နဲ့အတူ ရောပါသွားကောင်း ပါသွားနိုင်တယ်လို့ ဖိလစ်ပိုင်စစ်တပ်က ပြောပါတယ်။ ဖိလစ်ပိုင်တောင်ပိုင်း လုံခြုံရေးအခြေအနေဟာ အင်ဒိုနီးရှားနဲ့ မလေးရှားတို့လို အိမ်နီးချင်းနိုင်ငံတွေကိုပါ တပ်လှန့်ခဲ့တာပါ။ မလေးရှားတောင်ပိုင်း ဆိပ်ကမ်းမြို့ တာရာကံက ရေတပ်အခြေစိုက်စခန်းထဲမှာ ပင်လယ်ပြင် အမိန့်ပေးဌာနကို တည်ထားပြီး ဖိလစ်ပိုင်တောင်ပိုင်း မင်းဒနောင်းကျွန်းတလွှားက အခြေအနေကို သတိထား စောင့်ကြည့်နေပါတယ်။ နောက်ထပ် ဌာန ၂ ခုကိုတော့ မလေးရှားနိုင်ငံ တာဝါအူနဲ့ ဖိလစ်ပိုင်က ဘွန်ဂေါင်မြို့တွေမှာ တည်ထားပါတယ်။ ညှိနှိုင်းကင်းလှည့်တာနဲ့ သတင်းအချက်အလက် မျှဝေတာတွေကိုလည်း တပြိုင်တည်း စတင်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up