Home
သတင်းဓာတ်ပုံ
နိုင်ငံတော်သမ္မတ  ပါဝင်သည့် နေပြည်တော် သစ်ပင်စိုက်ပွဲတော် (ဓာတ်ပုံ)
အောင်ကိုကိုလတ် (နေပြည်တော်)
·
June 20, 2017
နေပြည်တော် သစ်တောဦးစီးဌာန၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ ဖိုးဇောင်တောင်ကြိုးဝိုင်းမှ ဇွန် ၂၀ ရက်နေ့က နိုင်ငံတော်သမ္မတ အပါအဝင် ဒုတိယသမ္မတတွေ တက်ရောက်ပြီးတော့ သစ်ပင်စိုက်ပွဲတော် ကျင်းပခဲ့ပါတယ်။ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က“သစ်ပင်စိုက်ပျိုးတာဟာ စိမ်းလန်းစိုပြည်ပြီးတော့မှ သဘာဝကိုလည်း ထိန်းသိမ်းနိုင်တယ်။ သစ်တပင်ကြောင့် ငှက်ပေါင်း တသောင်း နားနိုင်တယ်ဆိုတဲ့ အဆိုက ရှိပါတယ်။ ဒါ အင်မတန်လုပ်သင့်တဲ့ အလေ့အထပါ။ ဘယ်နိုင်ငံပဲဖြစ်ဖြစ်” လို့ ပြောကြားပါတယ်။ အဲဒီသစ်ပင်စိုက်ပွဲတော်မှာ ကျွန်း၊ ပျဉ်းကတိုး၊ မြန်မာပိတောက်၊ မဟော်ဂနီ၊ ယင်းမာ စတဲ့ နှစ်ရှည်အပင်အမျိုးအစားတွေနဲ့ သစ်ပင်မျိုးပေါင်း ၂၀ ပါဝင်ပါတယ်။ သစ်ပင်အရေအတွက်အနေနဲ့ကတော့ အပင်ရေ ၄၀၀ ပင်ကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်က ဥက္ကဋ္ဌတွေ၊ ပြည်ထောင်စုဝန်ကြီးတွေနဲ့ အခြားဌာနဆိုင်ရာတွေက တာဝန်ရှိသူတွေ တက်ရောက်စိုက်ပျိုးခဲ့ကြတာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024