A d v e r t i s e m e n t With Us

သူကွယ်လွန်သွားပါပြီ၊ ရက်စက်ကြမ်းကြုတ်တဲ့ စစ်အစိုးရပဲ – သမ္မတထရမ့်

ဓာတ်ပုံ - ရိုက်တာ
အမေရိကန်ကျောင်းသား အော်တို ဝမ်ဘီယာ သေဆုံးမှုနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က မြောက်ကိုရီးယားအစိုးရကို ဇွန် ၁၉ ရက်နေ့က ချက်ချင်းပြစ်တင်ဝေဖန်လိုက်ပါတယ်။ “အော်တိုဝမ်ဘီယာ သေဆုံးသွားပြီဆိုတာ ကျနော် ပြောပြချင်ပါတယ်။ ညံ့ဖျင်းတဲ့အရာ အတော်များများ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အနည်းဆုံးတော့ သူ့ကို ကျနော််တို့ သူ့မိဘတွေရှိရာ နေအိမ်ဆီ ပြန်ခေါ်ခဲ့နိုင်ပါတယ်။ သူ့အတွက် အခက်အခဲဆုံးအချိန်တွေ ဖြစ်ခဲ့ပေမယ့် သူ့မိဘတွေက သူ့ကို ပြန်တွေ့ရလို့ ပျော်ရွှင်ခဲ့ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့အချိန် အနည်းငယ်လောက်ကပဲ သူကွယ်လွန်သွားခဲ့ပါပြီ။ ရက်စက်ကြမ်းကြုတ်တဲ့ စစ်အစိုးရပါပဲ။ ဒီကိစ္စကို ကျနော်တို့ ကိုင်တွယ်ဖြေရှင်းမယ်” လို့ သမ္မတထရမ့်က ပြောကြားခဲ့ပါတယ်။ အမေရိကန် တက္ကသိုလ်ကျောင်းသား ဝမ်ဘီယာဟာ ကမ္ဘာလှည့်ခရီးသည်တဦးအဖြစ် မြောက်ကိုရီးယားကို သွားရောက်လည်ပတ်စဉ် ဖမ်းဆီးခံရပြီး မြောက်ကိုရီးယား အကျဉ်းထောင်ထဲမှာ ၁၇ လကြာ အကျဉ်းချခံခဲ့ရပါတယ်။ သူပြန်လွတ်လာချိန်မှာ ဦးနှောက်ထဲက တစ်ရှူးအတော်များများ ပျက်စီးထိခိုက်ပြီး ဘယ်အရာကိုမှ မမှတ်မိနိုင်တော့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up