A d v e r t i s e m e n t With Us

မြောက်ကိုရီးယားမှ ပြန်လွတ်လာသည့် အမေရိကန်ကျောင်းသား သေဆုံး

ဓာတ်ပုံ - ရိုက်တာ
ပြီးခဲ့တဲ့သီတင်းပတ်က မြောက်ကိုရီးယားကနေ ပြန်လွတ်လာတဲ့ အမေရိကန်ကျောင်းသား အော်တိုဝမ်ဘီယာ ဇွန်လ ၁၉ ရက်နေ့က ကွယ်လွန်သွားကြောင်း ဘီဘီစီသတင်းအရ သိရပါတယ်။ အသက် ၂၂ နှစ်အရွယ်ရှိတဲ့ အော်တိုဝမ်ဘီယာဟာ မြောက်ကိုရီးယားမှာ ၁၇ လကြာ ဖမ်းဆီိးခံရစဉ် ကိုမာဝေဒနာ ခံစားခဲ့ရပြီး ပြီးခဲ့တဲ့သီတင်းပတ်က ပြန်လွတ်လာတာ ဖြစ်ပါတယ်။ အော်တိုဝမ်ဘီယာဟာ အစာအဆိပ်သင့်ခဲ့လို့ ကိုမာဝေဒနာ ခံစားခဲ့ရတယ်လို့ မြောက်ကိုရီးယားအစိုးရက ပြောပါတယ်။ ဒါပေမယ့် သူ့ရဲ့မိသားစုကတော့ မြောက်ကိုရီးယားရဲ့ ဆိုးဆိုးဝါးဝါး နှိပ်စက်ညှဉ်းပန်းမှုကြောင့် အခုလိုဖြစ်ရတာလို့ ဆိုပါတယ်။ အမေရိကန်ကို ပြန်ရောက်လာပြီးတဲ့နောက် ဆရာဝန်တွေရဲ့ စစ်ဆေးချက်တွေအရ အော်တိုဝမ်ဘီယာရဲ့ ဦးနှောက်အင်္ဂါအစိတ်အပိုင်း အတော်များများ ပျက်စီိးသွားတာ တွေ့ရပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး။ အော်တိုဝမ်ဘီယာဟာ ဗားဂျီးနီးယားတက္ကသိုလ်က စီးပွားရေးအထူးပြု ကျေင်းသားဖြစ်ပြီး မြောက်ကိုရီးယားရဲ့ ဝါဒဖြန့် ပိုစတာတခုကို ခိုးယူခဲ့တာကြောင့် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၂ ရက်နေ့က ပြုံယမ်း နိုင်ငံတကာလေဆိပ်မှာ အဖမ်းခံခဲ့ရတာဖြစ်ပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up