Home
မြန်မာသတင်း
ပုဂံဘုရားများ ပြန်ပြုပြင်ရန် အလှူငွေ ဒေါ်လာ ၁၀ သိန်းကျော်နှင့် ကျပ်သန်း ၅ ထောင်ကျော် ရရှိ
ပိုင်စိုး
·
June 19, 2017
ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ ပုဂံရှေးဟောင်းစေတီတွေ ပြန်ပြုပြင်ဖို့ ဇွန် ၁၆ ရက်နေ့အထိ အလှူငွေ အမေရိကန်ဒေါ်လာ ၁၀ သိန်းကျော်နဲ့ ကျပ်သန်း ၅ ထောင်ကျော် ရရှိထားပြီလို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးအောင်ဆန်းဦးက ပြောပါတယ်။ “ဒီနေ့ စာရင်းမပိတ်ရသေးလို့ ၁၆ ရက်နေ့အထိ စာရင်းကတော့ မြန်မာကျပ် သန်းပေါင်း ၅၄၇၅ သန်း၊ အမေရိကန် ဒေါ်လာ ၁၀၉၉၇၂၈ (၁၀ သန်း ၉သောင်း ၉ထောင်ကျော်)၊ ယူရို ၂၅၀၊ စင်ကာပူ ဒေါ်လာ ၇၅၀၂၊ ထိုင်းဘတ် ၁၀၈၂၀၊ သြစတြေးလျ ဒေါ်လာ ၅၀၀ ရထားပါပြီ” လို့ ပြောပါတယ်။ တခြားနိုင်ငံသုံးငွေတချို့လည်း လက်ခံရရှိထားတယ်လို့ သူက ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ် သြဂုတ် ၂၄ ရက်က လှုပ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် ပုဂံမှာ ဘုရားစေတီတွေ အပါအဝင် ရှေးဟောင်းအဆောက်အအုံပေါင်း ၄၀၀ လောက် ထိခိုက်ပျက်စီးခဲ့တာပါ။ ဒါဟာ ပုဂံဒေသမှာရှိတဲ့ ရှေးဟောင်းအဆောက်အအုံအားလုံးရဲ့ ခြောက်ပုံတစ်ပုံလောက် ပျက်စီးခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024