ရထားလာနေချိန် ခုန်ချခဲ့သည့် ထိုင်းကိုယ်ဝန်ဆောင်အမျိုးသမီး ရထားကြိတ်ခံရ (ရုပ်သံ)

1K
ရထားလာနေချိန် ခုန်ချခဲ့သည့် ထိုင်းကိုယ်ဝန်ဆောင်...
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော် အရှေ့ပိုင်း ဘန့်ထပ်ချန့် မိုးပျံလျှပ်စစ်ရထားဘူတာမှာ ဒီကနေ့မနက် ၆ နာရီ ၅၀ မိနစ်က ရထားလာနေချိန်မှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး ရထားလမ်းကြောင်းထဲ ခုန်ချခဲ့လို့ ရထားကြိတ်ခံခဲ့ရပြီး သေဆုံးခဲ့ပါတယ်။
အမျိုးသမီးဟာ ရထားကြိတ်ခံရပြီး အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားခဲ့ပါတယ်။ အခင်းဖြစ်ပွားမှုကြောင့် မိုးပျံလျှပ်စစ်ရထားပြေးဆွဲမှု အစီအစဉ် နာရီပိုင်းလောက် ပြတ်တောက်သွားခဲ့ရပြီး အမျိုးသမီး ပြုတ်ကျရတဲ့ အကြောင်းရင်းကိုတော့ တာဝန်ရှိသူတွေက စစ်ဆေးဆဲလို့ ဆိုပါတယ်။
ရုပ်သံဖိုင်ထဲမှာတော့ အမျိုးသမီးဟာ ရထားလာနေချိန် တခြားခရီးသည်တွေနဲ့အတူ ရှိနေရာကနေ ထွက်လာပြီး ရထားလမ်းပေါ် ခုန်ချခဲ့တာဖြစ်ပါတယ်။
သူမ ခုန်ချတာကို စင်္ကြန်ပေါ်က ရထားစီးခရီးသည်တွေက တွေ့ပြီး လာနေတဲ့ရထားကို လက်တွေပြပြီး တားဆီးနေကြတာလည်း တွေ့ရပါတယ်။
သူမဟာ တယ်လီဖုန်းကိုင်တာလည်းမရှိ၊ တစုံတဦးကနေ တွန်းချတာလည်းမရှိဘဲ အရှေ့ကို ခြေလှမ်း ၃ လှမ်း လှမ်းလိုက်ပြီး ရထားလမ်းကြောင်းထဲ ခုန်ချသွားတာ တွေ့ရပါတယ်။
တာဝန်ရှိသူတွေကတော့ အခုဖြစ်ရပ်ကို မတော်တဆပြုတ်ကျမှုလား၊ တမင်ခုန်ချသလားဆိုတာကို စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
သေဆုံးသူ အမျိုးသမီးဟာ ကိုယ်ဝန်ဆောင်တစ်ဦးဖြစ်ပြီး ဒီနေ့ခင်းပိုင်းထိ သူ့ရဲ့ ဆွေမျိုးတွေနဲ့ ဆက်သွယ်လို့ မရသေးကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
Airport Rail Link လို့ခေါ်တဲ့ အဲဒီ မိုးပျံလျှပ်စစ်ရထားဟာ ဖယားထိုင်းနယ်မြေနဲ့ သုဝဏ္ဏဘူမိ နိုင်ငံတကာလေဆိပ်ကြား ပြေးဆွဲနေတာ ဖြစ်ပါတယ်။