ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် ဖြူးမြို့တွင် သစ်ပင် ၂၀၀၀ ကျော်စိုက်ပျိုး
DVB
·
June 19, 2017
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၂ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်မှာ ဒီနေ့မနက်ပိုင်းက ပိတောက်သစ်မာတွေ အပါအဝင်အပင် သစ်ပင် ၂၀၀၀ ကျော် စိုက်ပျိုးခဲ့ကြပါတယ်။
ဖြူးမြို့နယ် အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)က ဦးဆောင်စိုက်ပျိုးခဲ့တာဖြစ်ပြီး ရပ်ရွက်နေပြည်သူတွေလည်း ပူပေါင်းပါဝင်စိုက်ပျိုးခဲ့ကြပြီး သစ်တောဦးစီးဌာနက ကူညီပေးခဲ့တယ်လို့ အန်အယ်လ်ဒီတာဝန်ရှိသူတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့တုန်းကလည်း ပျိုးပင်ပေါင်း ၅၀၀၀ လောက် စိုက်ပျိုးခဲ့တယ်လို့ ဆိုပါတယ်။
သတင်း၊ ဓာတ်ပုံ - ကျော်အောင်(ကညွတ်ကွင်း)