A d v e r t i s e m e n t With Us

ရေနက်ထဲထိ ငုပ်လျှိုးပြီး ပျက်စီး နျူကလီးယားဓာတ်အားစက်ရုံကို လေ့လာမည့် ရေကူးစက်ရုပ် (ရုပ်သံ)

ဂျပန်နိုင်ငံမှာ ၂၀၁၁ ခုနှစ် ဆူနာမီဖြစ်ပြီး ရေလွှမ်းမိုး ပျက်စီးသွားကာ ဘေးပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်စေတဲ့ ဖူကူရှီးမား နျူကလီးယားဓာတ်အားစက်ရုံကို စစ်ဆေးကြည့်ရှုဖို့ စက်ရုပ်တရုပ်ကို ရေကူးနိုင်အောင် တီထွင်ဖန်တီးထားတယ်လို့ သိရပါတယ်။ နျူကလီးယားဓာတ်အားစက်ရုံက အဏုမြူဓာတ်ပေါင်းဖို ပျက်စီးတဲ့နေရာတွေဟာ ရေဒီယို ဓာတ်ရောင်ခြည် ယိုစိမ့်ထွက်မှုတွေဖြစ်ကာ အကြီးအကျယ် ညစ်ညမ်းနေဆဲဖြစ်ပြီး အရင်က ဒီကိစ္စကို ဖြေရှင်းဖို့ ဒီလိုစက်ရုပ်မျိုး တီထွင်ဖူးခြင်း မရှိပါဘူး။ နျူကလီးယားစက်ရုံရဲ့ ရေတွေဖုံးလွှမ်းနေတဲ့နေရာကို သွားရောက်ပြီး စစ်ဆေးလေ့လာ ဖော်ထုတ်ချင်နေကြတဲ့ တိုရှီဘာကုမ္ပဏီက သိပ္ပံသုတေသီအဖွဲ့က သတင်းအချက်အလက်တွေ စုဆောင်းဖို့ လစ်တယ်ဆန်းဖစ်ရှ် (Little Sunfish) လို့ခေါ်တဲ့ စက်ရုပ်ကို အဆင့်မြှင့် တီထွင်လိုက်တာလို့ မေရာသတင်းမှာ ဇွန်လ ၁၆ ရက်နေ့က ရေးထားပါတယ်။ ဖူကူရှီးမား နျူကလီးယားဓာတ်အားပေးစက်ရုံကို ၂၀၁၁ ခုနှစ်က ဆူနာမီလှိုင်းကြီး ဝင်ရောက်ရိုက်ခတ်ခဲ့တာဖြစ်ပြီး လူပေါင်း ၁၈,၀၀၀ ကျော် သေဆုံးခဲ့တဲ့ ဒီအဖြစ်ဟာ ၁၉၈၆ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ ယူကရိန်းနိုင်ငံ မြောက်ဘက် ချာနိုဘိုင်းမြို့ နျူကလီးယားဓာတ်အားပေးစက်ရုံ မတော်တဆမှုပြီးရင် အဆိုးရွားဆုံးလို့ သိရပါတယ်။ “မီနီမန်ဘို” ဒါမှမဟုတ် လစ်တယ်ဆန်းဖစ်ရှ်လို့ခေါ်တဲ့ စက်ရုပ်က အလေးချိန် ၂ ကီလိုဂရမ်လေးပြီး အချင်း ၁၃ စင်တီမီတာ ရှိတယ်လို့ ဆိုပါတယ်။ စက်ရုပ်ဟာ ဒီအပတ်ထဲမှာ သူ့ရဲ့ ပထမဆုံး ခရီးစဉ်အဖြစ် အဏုမြူဓာတ်ပေါင်းဖို အရည်ပျော်ပျက်စီးတဲ့ နေရာထဲရောက်အောင် ရေကူးသွားနိုင်မယ်လို့ အဆင်မြှင့်တီထွင်သူတွေက အခိုင်အမာ ယုံကြည်နေကြပါတယ်။ အရင်ကလည်း အဲ့ဒီနေရာကို တခြား ဂျပန်သုတေသီတွေက စက်ရုပ်တွေ စေလွှတ်ခဲ့ဖူးပေမယ့် စက်ရုပ်တွေ ရေဒီယိုသတ္တိကြွ ဓာတ်ရောင်ခြည်တွေရဲ့ဒဏ် မခံနိုင်ဘဲ ပျက်စီးပြီး စီမံကိန်းတွေလည်း ရပ်တန့်ခဲ့ရပါတယ်။ တိုရှီဘာကုမ္ပဏီရဲ့ သုတေသီတဦးဖြစ်တဲ့ ဆုတိုမီက စက်ရုပ် လစ်တယ်ဆန်းဖစ်ရှ်ရဲ့ အဓိက အားသာချက်က “အခက်အခဲအမျိုးမျိုးကို ရှောင်ရှားနိုင်မှာ ဖြစ်တယ်” လို့ ပြောလိုက်ပြီး ကုမ္ပဏီရဲ့ နျူကလီးယားစွမ်းအင်စနစ်နဲ့ ဝန်ဆောင်မှုဌာနရဲ့ အထွေထွေမန်နေဂျာဖြစ်သူက “စက်ရုပ်ကို ရေဒီယိုသတ္တိကြွ ဓာတ်ရောင်ခြည်တွေ မြင့်မားတဲ့ ဝန်းကျင်မျိုးမှာ စွမ်းဆောင်နိုင်ပြီး သတင်းအချက်အလက် ရရှိစုဆောင်းနိုင်အောင် သိပ္ပံပညာရှင် သုတေသီတွေက ပိုမိုအဆင့်မြှင့် တီထွင်ထားတယ်” လို့ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up