Home
မြန်မာသတင်း
ကျောက်တံတားတွင် အနုကြမ်းစီး လုယက်မှုဖြစ်ပွား
စိုးမိုးအောင်
·
June 19, 2017
ကျောက်တံတားမြို့နယ် ၃၃ လမ်းမှာရှိတဲ့ MK Travel & Tour  ကုမ္ပဏီကို ဇွန်လ ၁၈ ရက်နေ့ နေ့လယ် ၁ နာရီလောက်က အနုကြမ်းစီးမှု ဖြစ်ပွားခဲ့ပြီး ငွေကျပ် သိန်း ၅၀ လောက်နဲ့ လက်ဝတ်ရတနာတချို့ ပါသွားတယ်လို့ ကာယကံရှင်မိသားစုတွေက ပြောပါတယ်။ နေ့လယ် ၁ နာရီလောက်က ဆိုင်မန်နေဂျာဖြစ်သူ မမိုးပွင့်ဖြူနိုင် တဦးတည်း ရှိနေချိန်မှာ လူ ၂ ဦး ဆိုင်ထဲဝင်လာပြီး မမိုးပွင့်ဖြူရဲ့ ပါးစပ်ကို အဝတ်ထိုးထည့်ပြီး မျက်နှာကို တိပ်အနက်နဲ့ပတ်ကာ လက်တွေ၊ ခြေထောက်တွေကိုပါ တိပ်နဲ့ ချည်နှောင်ခဲ့တာပါ။ အဲဒီနောက် ထမင်းစားခန်းကို ခေါ်ဆောင်သွားပြီး လက်ဝတ်ရတနာတွေနဲ့ ငွေသား သိန်း ၅၀ လောက်ကို ယူဆောင်သွားတာလို့ ဆိုပါတယ်။ အဲဒီလူတွေထဲမှာ တဦးက မျက်နှာကို နှာခေါင်းစည်းတခု တပ်ဆင်ထားပြီး တဦးကတော့ မျက်နှာဖုံးအုပ်ထားတာ မရှိဘူးလို့ ဆိုပါတယ်။ အဲဒီကုမ္ပဏီရဲ့ပိုင်ရှင်ဟာ ဦးခင်မောင်ဇော်ဖြစ်ပြီး ဘုရားဖူးထွက်နေတာကြောင့် အခင်းဖြစ်ပွားချိန်မှာ မန်နေဂျာတဦးတည်း ရှိနေတာလို့ ဆိုပါတယ်။ အဲဒီအမှုနဲ့ပတ်သက်လို့ ကာယကံရှင်တွေက ကျောက်တံတားမြို့မရဲစခန်းကို အမှုဖွင့် တိုင်ကြားထားပါတယ်။ အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျောက်တံတားမြို့မရဲစခန်းကို ဒီဗွီဘီသတင်းဌာနက သွားရောက်မေးမြန်းခဲ့ပေမယ့် စစ်ဆေးစုံစမ်းနေဆဲဖြစ်တာကြောင့် ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024