A d v e r t i s e m e n t With Us

ဘရာဇီးနောက်ခံလူ အဲဗက်စ်ကို ခေါ်ယူရန် မန်စီးတီးနည်းပြ စဉ်းစားနေ

ဓာတ်ပုံ - ရိုက်တာ
မန်ချက်စတာစီးတီးအသင်း နည်းပြ ပက် ဂွာဒီယိုလာက ဘရာဇီးနောက်တန်းကစားသမား ဒါနီ အဲဗက်စ်ကို ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ ဗြိတိသျှမီဒီယာတွေမှာ ဖော်ပြထားပါတယ်။ နောက်တန်းလူ ဒါနီ အဲဗက်စ်ဟာ လောလောဆယ် ဂျူဗင်တပ်အသင်းမှာ ခြေစွမ်းပြ ကစားနေပါတယ်။ မန်စီးတီးနည်းပြဟာ တော့တင်ဟမ် ဟော့စပါးအသင်း နောက်ခံလူ ဝေါ်ကာကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ လုပ်နေပါတယ်။ အသက် ၃၄ နှစ်အရွယ် အဲဗက်စ်ရဲ့ ပြောင်းရွှေ့ကြေးကို ဂျူဗီအသင်းက ပေါင် ၅ သန်း ဝန်းကျင်လောက် အလိုရှိနေပါတယ်။ မန်စီးတီးနည်းပြ ဂွာဒီယိုယာနဲ့ အဲဗက်စ်တို့ဟာ ဘာစီလိုနာအသင်းမှာတုန်းက ဆရာတပည့်တွေ ဖြစ်ခဲ့ဖူးပါတယ်။

A d v e r t i s e m e n t With Us

More News
Up