ကွန်ဖက်ဒရေးရှင်းဖလားပွဲတွင် ပေါ်တူဂီနှင့် မက္ကဆီကို ၂ ဂိုးစီ သရေကျ (ရုပ်သံဟိုက်လိုက်)
Published By
DVB | 19 June, 2017
734
0
Share
0
Comment
0
Likes
မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ကွန်ဖက်ဒရေးရှင်းဖလား အုပ်စုအေပွဲစဉ်မှာ ပေါ်တူဂီအသင်းနဲ့ မက္ကဆီကိုတို့ ၂ ဂိုးစီ သရေကျသွားပါတယ်။
ပေါ်တူဂီအတွက် ဦးဆောင်ဂိုးကို ၃၄ မိနစ်မှာ ရော်နယ်ဒိုရဲ့ ဖန်တီးမှုကနေ ကွာရက်စ်မာက သွင်းယူပါတယ်။
မက္ကဆီကိုအတွက် ချေပဂိုးကို ၄၂ မိနစ်မှာ တိုက်စစ်မှူး ဟာနက်ဒက်က သွင်းယူပါတယ်။
မက္ကဆီကိုအသင်းဟာ ဒီပွဲမှာ ကွင်းလယ်ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ခဲ့ပြီး ထိုးဖောက် ကန်သွင်းခွင့်မှာတော့ နှစ်သင်းစလုံး အပြန်အလှန် ရခဲ့ပါတယ်။
ပေါ်တူဂီအတွက် ဒုတိယဂိုးကို ၈၆ မိနစ်မှာ ဆိုရက်စ်က သွင်းယူပါတယ်။
မက္ကဆီကိုအတွက် ချေပဂိုးကို ပွဲသိမ်းမိနစ်မှာ မိုရီနိုက အနီးကပ် ခေါင်းတိုက်သွင်းယူပြီး သရေကျသွားပါတယ်။
လောလောဆယ် ကွန်ဖက်ဒရေးရှင်းဖလား အုပ်စုအေမှာ ရုရှားက ၃ မှတ်နဲ့ ဦးဆောင်နေပြီး ပေါ်တူဂီနဲ့ မက္ကဆီကို အသင်းတွေက ၁ မှတ်စီ အသီးသီးရထားပါတယ်။