A d v e r t i s e m e n t With Us

ဟန်ဂျိုးမြို့တွင် လူနှင့်အတူ အိမ်မွေးတိရစ္ဆာန်များပါ စားသုံးနိုင်သည့် စားသောက်ဆိုင် ဖွင့်လှစ်

တရုတ်နိုင်ငံ၊ ဂျက်ဂျီရန်ခရိုင် ဟန်ဂျိုးမြို့မှာ လူနဲ့ အိမ်မွေးတိရစ္ဆာန်တွေပါ စားသုံးနိုင်တဲ့ စားသောက်ဆိုင် စတင်ဖွင့်လှစ်လိုက်ပါတယ်။ ကိုယ်က အပြင်ထွက် စားသောက်နေချိန်မှာ ကိုယ်ချစ်တဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေ အိမ်မှာထားခဲ့ရတာ ဝမ်းနည်းမှာပဲလို့ မေးခွန်းထုတ်ပြီး တရုတ်နိုင်ငံ၊ ဂျက်ဂျီရန်ခရိုင် ဟန်ဂျိုး မြို့သားတွေဟာ အခုဆိုရင် သူတို့ရဲ့ အိမ်မွေး တိရစ္ဆာန်လေးတွေကိုပါ အပြင်ခေါ်ထုတ်ပြီး စားသောက်ဆိုင်မှာ စားလို့ရပြီလို့ စီဂျီတီအဲန်သတင်းမှာ ဇွန်လ ၁၈ ရက်နေ့က ရေးထားပါတယ်။ ဒါကြောင့် မြို့သားတွေအနေနဲ့ အသစ်ဖွင့်လိုက်တဲ့ အိမ်မွေးတိရစ္ဆာန်တွေပါ ဝင်ရောက်စားလို့ရတဲ့ သူတို့မြို့က စားသောက်ဆိုင်အသစ်ကို ကျေးဇူးတင်သင့်တယ်လို့ ပြောထားပါတယ်။ စားသောက်ဆိုင်အသစ်က လူတွေအတွက်ရော သူတို့ရဲ့ တိရစ္ဆာန်လေးတွေအတွက်ပါ ၂ ဦးစလုံး အရသာတွေ့ စိတ်တိုင်းကျစေမယ့် အစားအသောက်တွေကို ရောင်းချပေးနေပြီး ညစာ အတွက်ကိုတော့ စားသုံးသူတွေရဲ့ ချစ်စရာ အိမ်မွေး တိရစ္ဆာန်လေးတွေအတွက် အထူးချက်ပြုတ်ထားတဲ့ ကျန်းမာပြီး အာဟာရဓါတ်ပြည့်ဝတဲ့ ညစာရယ်၊ ကိတ်မုန့်တွေရယ်ကို မှာယူနိုင်တယ်လို့ သိရပါတယ်။ လာရောက်စားသုံးသူတွေအနေနဲ့ နေ့လယ် လက်ဖက်ရည်ချိန်မှာ သူတို့ ကိုယ်ပိုင် ချစ်စရာ သတ္တဝါလေးတွေနဲ့အတူ လက်ဖက်ရည် သောက်နိုင်သလို အခြားအိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ပါ ဆော့ကစားနိုင်မယ်လို့ ပြောပါတယ်။ တရုတ်နိုင်ငံ နေရှင်နယ်ဗျုရို ကိန်းဂဏန်းအရ ၂၀၁၆ ခုနှစ်မှာ တရုတ်နိုင်ငံရဲ့ အိမ်မွေးတိရစ္ဆာန် (ခွေးနဲ့ ကြောင်သာ ပါဝင်တဲ့) ဈေးကွက်က ၁၇.၂ ဘီလီယံအထိရောက်နေပြီး ဒါက အမေရိကန်ဒေါ်လာနဲ့ တွက်ရင် ဒေါ်လာ သန်းပေါင်း ၂၅၀၀ ကျော်ရှိနေတာပါ။ ဒါကပြီးခဲ့တဲ့ ၆ နှစ်အတွင်း ၄၉.၁ ရာခိုင်နှုန်းအထိ တိုးမြင့်လာတာလို့ သိရပါတယ်။  

A d v e r t i s e m e n t With Us

More News
Up