A d v e r t i s e m e n t With Us

အကြောက်အလန့်မရှိ မိုက်ရူးရဲတဦး မိုးမျှော်တိုက်အမိုးစွန်းပေါ် ဟိုဗာဘုတ်စွန့်စား စီးပြ (ရုပ်သံ)

အကြောက်အလန့်မရှိတဲ့ မိုက်ရူးရဲတဦးက မိုးမျှော်တိုက်ကြီးရဲ့ ထိပ်ဆုံးထပ်က အမိုးစွန်းနေရာ ကျဉ်းကျည်းလေးပေါ်မှာ ဟိုဗာဘုတ်ကို ရှေ့တိုး နောက်ဆုတ်စီးပြ၊ တပတ်ကျွမ်းထိုးပြ၊ ဘတ်စကတ်ဘော ကစားပြပြီး သေစေနိုင်လောက်ဖွယ် စိန်ခေါ်မှုတခုဖြစ်တဲ့ ဟိုဗာဘုတ်စီးစတန့်ကို ပြခဲ့ပါတယ်။

ရုရှားနိုင်ငံက စတန့်သမား တဦးဖြစ်တဲ့ အသက် ၂၅ နှစ်အရွယ် သူ့ကိုယ်သူ အိုလက်ဂ်ခရစ်ကတ်လို့ အမည်ပေးထားတဲ့ အိုလက်ဂ် ရှာစတိုင်ရာချန်ကိုက ပေရာပေါင်းများစွာမြင့်တဲ့ ဟောင်ကောင်မိုးမျှော်တိုက်ကြီးရဲ့ အစွန်းပေါ်မှာ စတန့်ပြပြီး သူကိုယ်တိုင် ရုပ်သံ ရိုက်ကူးခဲ့တာပါ။

ရုပ်သံထဲမှာ စွန့်စားခန်းကို ဆဲလ်ဖီတုတ်တံမှာ ဖုန်းကင်မရာ တပ်ပြီး ကိုယ့်ကိုယ်တိုင် မှတ်တမ်းတင်ခဲ့တဲ့ အိုလက်ဂ်က အမိုးအစွန်း ကျဉ်းကျဉ်းလေးပေါ်က ချော်နိုင်တဲ့ နေရာတွေကို သူ့ရှပ်အကျီင်္ိနဲ့ သုတ်နေတာ တွေ့ရပါတယ်။

အဲဒီနောက်တော့ ရုပ်သံထဲမှာ မြင်ရသလို စတန့်သမားက သူ့ရဲ့ဟိုဗာဘုတ်ထက် ဘယ်လောက်မှ ပိုမကျယ်လှတဲ့ အမိုးစွန်းကျဉ်းကျဉ်းလေးပေါ်မှာ စိတ်လှုပ်ရှားဖွယ် ဘုတ်ကို စင်္ကြ့လမ်းတလျောက် စီး ပြန်ကွေ့ အဲဒီနောက် ရှေ့တိုးနောက်ငင် စီးပြသလို ဘတ်စကက်ဘောကို ပစ်ပြီး ဖမ်းပြတာ နောက်ကျွမ်းထိုးပြတာနဲ့ နောက်ဆုံးမှာတော့ အမိုးစွန်းပေါ်က ပြုတ်ကျတော့မလိုဖြစ်နေတဲ့ ဟိုဗာဘုတ်ပြားကို အိုလက်ဂ်က လှမ်းယူလိုက်တာနဲ့ ရုပ်သံမြင်ကွင်း ပြီးဆုံးသွားပါတယ်။

ရုပ်သံတွေတင်တဲ့ လူမှုကွန်ရက်ပေါ် ဒီရုပ်သံကို ဖြန့်ဝေပြီးတဲ့နောက် ရုပ်သံကြည့်ရှုသူ ပေါင်း သန်းနဲ့ ချီရှိတယ်လို့လည်း သိရပါတယ်။

အိုလက်ဂ်က အလားတူ စွန့်စားခန်းတွေကို အသက် ၁၄ နှစ်အရွယ်ကတည်းက လုပ်ခဲ့တာဖြစ်ပြီး သူရဲ့ သေစေလောက်တဲ့ စိန်ခေါ်မှုကြီးမားတဲ့ စွန့်စားခန်းတွေကြောင့် သူ့မွေးရပ်မြေ ရုရှားနိုင်ငံ လူမှုကွန်ရက် စာမျက်နှာထက်မှာ လူသိများပြီး နာမည်ကျော်ကြားသူ တဦးဖြစ်နေတာပါ။

A d v e r t i s e m e n t With Us

More News
Up