ကျောက်မဲတွင် စိတ်ဝေတနာရှင် အမျိုးသမီး ရေတွင်းထဲခုန်ချ
DVB
·
June 18, 2017
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ့မြို့ ရက်ကွက် ၆၊ နယ်မြေ ၅ မှာ ဇွန် ၁၇ ရက်နေ့ နေ့လယ် ၂ နာရီခွဲအချိန်လောက်က စိတ်ဝေတနာရှင် တစ်ဦးရေတွင်းထဲ ခုန်ချပြီး သေကြောင်းကြံစည်မှုတခု ဖြစ်ပွားခဲ့ပါတယ်။
အခင်းဖြစ်ပွားပြီးပြီးချင်း ကျောက်မဲမီးတပ်ဖွဲ့မှ လာရောက်ပြီး အသက်ပေးကယ်နိုင်ခဲ့ကြောင်း သိရပါတယ်။
ကျောက်မဲ မီးတပ်ဖွဲ့မှ သက်မောင်ထွန်းက "နေ့လယ် ၂ နာရီ ၃၀ မှာ ပြည်သူတစ်ယောက်က လူတစ်ယောက် ရေတွင်းထဲခုန်ချတယ်ဆိုပြီး သတင်းပေးလာတယ်။ ကျနော်တို့ ၁၀ ယောက်လောက် ချက်ချင်း အဲဒီအခင်းဖြစ်တဲ့နေရာကို သွားတယ်။ ရောက်ရောက်ချင်း ကျနော်တို့အားလုံးက သူကိုရေတွင်းကနေ ဆယ်ထုတ်ခဲ့တယ်။ အဲဒီ အမျိုးသမီးက စိတ်ဝေတနာရှင်ဖြစ်နေတယ်" လို့ ပြောပါတယ်။
အချိန်မီကယ်တင်နိုင်ခဲ့ပြီး အမျိုးသမီးမှာ ဒဏ်ရာ ဒဏ်ချက်မှ မရရှိခဲ့ကြောင်း မီးတပ်ဖွဲ့က ပြောပါတယ်။
ပြီးခဲတဲ့ လပိုင်းအတွင်းကလည်း အလားတူ ရှမ်းမြောက် လားရှိုးရှိ စိတ်ဝေတနာရှင် အမျိုးသမီးတဦး မိလ္လာကြွင်းထဲခုန်ချပြီး မိမိကိုယ့်ကို သတ်သေခဲ့ဖူးပါတယ်။
နိုင်နိုင်